ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည်တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို သို့ထွက်ခွာ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့တွင် ကျင်းပပြုလုပ်မည့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှပ်နှံ မှုထိပ်သီးအစည်းအဝေးနှင့် (၁၄) ကြိမ်မြောက် ကုန်စည်ပြပွဲများသို့ တက်ရောက်ရန် စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့ ၁၂း၃၀ အချိန်တွင် ထွက်ခွာခဲ့ကြောင်းသတင်းရရှိပါသည်။