IE Code လျှောက်ထားရာတွင် တင်ပြရမည့် စာရွက်စာတမ်း/ အထောက်အထားများ
ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ခြင်းမှ ကင်းလွတ်ခွင့်ပြုထားသည့် အစိုးရဌာနများ၊ အသင်းအဖွဲ့များနှင့် လူပုဂ္ဂိုလ် တစ်ဦးချင်းတို့အား ပို့ကုန်သွင်းကုန်လိုင်စင်/ပါမစ်များ လျှောက်ထားနိုင်ရန် အတွက် IE Code များကို သတ်မှတ်ထုတ်ပေးလျှက်ရှိပါသည်။
ထိုသို့ထုတ်ပေးနိုင်ရေးအတွက် အစိုးရဌာနများ၊ အသင်းအဖွဲ့များနှင့် လူပုဂ္ဂိုလ် တစ်ဦးချင်းတို့အနေဖြင့် အောက်ဖော်ပြပါ စာရွက်စာတမ်း/ အထောက်အထားများဖြင့် တင်ပြလျှောက်ထားရန် ဖြစ်ပါသည်-
(က) အစိုးရဌာနများ (G)
(၁) ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲမှ ကုန်သွယ်မှုမူဝါဒဌာနခွဲသို့ လိပ်မူ၍ Code No သတ်မှတ်ပေးရန် အကြောင်းကြားစာ (သက်ဆိုင်ရာဌာန၏
တင်ပြစာပူးတွဲလျှက်)
(၂) ပစ္စည်းများ တင်သွင်း/တင်ပို့မည့် Invoice၊
မှတ်ချက်။ သက်ဆိုင်ရာဌာနမှ တာဝန်ပေးအပ်သော ဝန်ထမ်းတစ်ဦးကိုယ်တိုင် ဝန်ထမ်းကတ် သို့မဟုတ် နိုင်ငံသားစိစစ်ရေးကတ် မူရင်း/
မိတ္တူဖြင့် လာရောက်လျှောက်ထားရန်၊
(ခ) အဖွဲ့အစည်းများ (O)
(၁) ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲမှ ကုန်သွယ်မှုမူဝါဒဌာနခွဲသို့ လိပ်မူ၍ Code No သတ်မှတ်ပေးရန် အကြောင်းကြားစာ (သက်ဆိုင်ရာ
အသင်းအဖွဲ့၏ တင်ပြစာပူးတွဲလျှက်)
(၂) ပြည်ထဲရေးဝန်ကြီးဌာန၊ အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ပြုရေးနှင့် ကြီးကြပ်ရေးဗဟိုဌာန၏ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်လက်မှတ်
(၃) ပစ္စည်းများ တင်သွင်း/တင်ပို့မည့် Invoice၊
မှတ်ချက် ။ သက်ဆိုင်ရာအသင်းအဖွဲ့မှ တာဝန်ပေးအပ်သောကိုယ်စားလှယ်တစ်ဦးကိုယ်တိုင် နိုင်ငံသားစိစစ်ရေးကတ် မူရင်း/မိတ္တူဖြင့်
လာရောက်လျှောက်ထားရန်၊
(ဂ) လူပုဂ္ဂိုလ်တစ်ဦးချင်း (P)
(၁) ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲမှ ကုန်သွယ်မှုမူဝါဒဌာနခွဲသို့ လိပ်မူ၍ Code No သတ်မှတ်ပေးရန် အကြောင်းကြားစာ (သက်ဆိုင်ရာ
သံဃာတော်/လူပုဂ္ဂိုလ်၏ တင်ပြစာပူးတွဲလျှက်)
(၂) သံဃာတော်များအတွက် သာသနာရေးဝန်ကြီးဌာန ထောက်ခံချက်နှင့် သာသနာဝင်စိစစ်ရေးကတ် မိတ္တူ/လူပုဂ္ဂိုလ်များအတွက် နိုင်ငံသား
စိစစ်ရေးကတ်မိတ္တူ
(၃) ပစ္စည်းများ တင်သွင်း/တင်ပို့မည့် Invoice၊
မှတ်ချက်။ လာရောက်လျှောက်ထားသူသည် ကိုယ်စားလှယ်ဖြစ်ပါက ကိုယ်စားလှယ်လွှဲစာနှင့် နိုင်ငံသားစိစစ်ရေးကတ် မူရင်း/မိတ္တူဖြင့်
လာရောက်လျှောက်ထားရန်၊
ကုန်သွယ်ရေးဦးစီးဌာန
( ၁၇ - ၅ -၂၀၁၇ )