စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်း၊ ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားမှုဆိုင်ရာလုပ်ထုံး လုပ်နည်းများ အထောက်အကူပြု အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ၊ နိုဝင်ဘာ  ၂၃      

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော "ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထားမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အထောက်အကူပြုအလုပ် ရုံဆွေးနွေးပွဲ" ကို နိုဝင်ဘာလ(၂၃)ရက်နေ့တွင် နေပြည်တော်ဟိုတယ်ဇုန်ရှိ Hilton Hotel ၌ ကျင်းပ ပြုလုပ်ရာ  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်း တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။

ညွှန်ကြားရေးမှူးချုပ်မှ အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသော အလုပ်ရုံဆွေးနွေးပွဲ တွင် ပိုမိုကောင်းမွန်သော စီးပွားရေးပတ်ဝန်းကျင်နှင့် ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးတို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများအကြား လုပ်ထုံးလုပ်နည်းများ ပိုမိုပူးပေါင်းပြီး စည်းချက်ညီဖြစ်စေရေး တို့ကို ညှိနှိုင်းဆွေးနွေးကြရန်ဖြစ်ကြောင်း၊ အဆိုပါဆွေးနွေးမှုများမှတစ်ဆင့် ပိုမိုလွယ်ကူရှင်းလင်း သည့် ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထားမှုလုပ်ထုံးလုပ်နည်းများကို ဖေါ်ထုတ်ပြီး အကောင်အထည် ဖော်ဆောင်ရွက်ကြ ရမှာဖြစ်ပါကြောင်း၊ မိမိတို့ဌာန အနေဖြင့် လိုင်စင်ခွင့်ပြုသည့် လုပ်ထုံးလုပ်နည်းများ ဖြေလျော့ခြင်း၊ လိုင်စင်လျှောက်ထားရယူရန် လိုအပ်သည့် ကုန်စည်လိုင်းများ ဖြေလျော့ခြင်းများအပြင် လိုင်စင်ပါဈေးနှုန်းစိစစ်ခြင်းများအတွက် ကိုလည်း ဖြေလျော့ဆောင်ရွက်ပေး လျက် ရှိပါကြောင်း၊ ပို့ကုန် သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်သည့် ကုန်စည်များအတွက် ထောက်ခံချက်များကို သက်ဆိုင် ရာဝန်ကြီးဌာနများတွင် လျှောက်ထားရယူရမှာဖြစ်ပြီး၊ ဝန်ကြီးဌာနများအလိုက် စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ ရှိပါကြောင်း၊ အဆိုပါလုပ်ထုံးလုပ်နည်းများသည် သက်ဆိုင်ရာဝန်ကြီးဌာနများ အလိုက်ကွဲပြားမှုရှိပြီး၊ ဌာနများအချင်းချင်းလုပ်ငန်းများထပ်နေသည်များ၊ တစ်ခုနှင့်တစ်ခုဆန့်ကျင် ဘက်ဖြစ်နေသည်များကို ရှာဖွေဖော်ထုတ်ပြီး၊ ကုန်သွယ်မှု ပိုမိုလျင်မြန်ချောမွေ့စေရန် နှင့် လုပ်ထုံးလုပ် နည်းများ Streamline ဖြစ်စေဖို့ သက်ဆိုင်ရာဝန်ကြီးဌာနများအကြား ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန်၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ သွင်းကုန်လိုင်စင်လုပ်ထုံးလုပ်နည်းသဘောတူညီချက်ကို ပိုမို သိနားလည် စေရန်နှင့် နိုင်ငံတကာတွင်ဆောင်ရွက် လျက် ရှိသော သွင်းကုန်လိုင်စင် လုပ်ထုံးလုပ်နည်း အလေ့အထ များကို အသိအမြင်ဖလှယ်ရန် ရည်ရွယ်ပါကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းများ လျင်မြန်ချောမွေ့လာတာ၂နှင့်အမျှ မိမိတို့နိုင်ငံ၏ လုပ်ငန်းလုပ်ကိုင်ရန် အခွင့်အလမ်း ကလည်း ပိုမိုပြီး ကောင်းမွန် လာ မှာဖြစ် ပါကြောင်း၊ ကုန်သွယ်မှုပတ်ဝန်းကျင်ကောင်းတစ်ခု ဖြစ်လာစေရန် မိမိတို့၏ ကြိုးပမ်းမှုအပေါ် ကမ္ဘာ့ဘဏ်မှများစွာအထောက်အကူပြုပေးလျက်ရှိပြီး၊ သက်ဆိုင်ရာဌာနများမှ ပူးပေါင်းဆောင်ရွက် ပေးခြင်း ကို ကျေးဇူးတင် ပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲမှ တက်ရောက်လာသူများသို့ ရလာဒ်ကောင်းများ ရရှိစေချင်ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကုန်သွယ်မှုနှင့်ဆက်စပ်သည့် အစိုးရဌာနများမှ ဘာသာရပ်ဆိုင်ရာတာဝန်ခံများ၊ World Bank မှ ကျွမ်းကျင်ပညာရှင်များ စုစုပေါင်း (၅ဝ)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

ကုန်သွယ်ရေးဦးစီးဌာန