Fully Online Licensing System ကို ၂၀၁၆ခုနှစ် ဇွန်လအတွင်း ပို့ကုန်သွင်းကုန်ကုန်ပစ္စည်းအမယ်တချို့နှင့် အသုံးပြုနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပို့ကုန်သွင်း ကုန်လိုင်စင်ထုတ်ပေးမှုအား 2004ခုနှစ်မှစတင်၍ အွန်လိုင်းစနစ်ဖြင့်ဆောင်ရွက်ခဲ့ရာမှ ယခုအခါ လိုင်စင်လျှောက်ထားခြင်း၊ ငွေပေးသွင်းခြင်း၊ လိုင်စင် ထုတ်ယူခြင်း လုပ်ငန်းတို့အား အင်တာနက်ရရှိသည့် မည်သည့်နေရာမှမဆို အွန်လိုင်းအပြည့်အ၀ အသုံးပြု၍ ဆောင်ရွက်နိုင်ဖို့ အတွက် စနစ်နှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေး ပွဲကို (၃၀-၅-၂၀၁၆) ရက်နေ့ တွင် UMFCCI မှာ နံနက် (၉:၀၀) နာရီမှ (၁၁:၃၀) ထိကျင်းပခဲ့ပါတယ်။ စနစ်အား 2016 ခုနှစ် ဇွန်လအတွင်း ပထမအဆင့်အနေဖြင့် ဌာနမှသတ်မှတ်ထားသည့် ကုန်ပစ္စည်းအမယ်များ၊ CMP အထည်ချုပ် ပစ္စည်းများဖြင့် စတင်စမ်းသပ်ဆောင်ရွက် သွား မှာဖြစ်ပါ တယ်။
အခမ်းအနားကို ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်း၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးမင်းမင်း၊ UMFCCI ဒုတိယဥက္ကဌဒေါက်တာ
မျိုးသက်၊ စီးပွားကူးသန်းမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ အခြား ဆက်စပ်ဌာနများမှ ဌာနကိုယ်စားလှယ်များ၊ ပို့ကုန်သွင်းကုန်ကုမ္ပဏီမှလုပ်ငန်းရှင်များ၊ ကိုယ်စား
လှယ်များ၊ Media များ၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အင်အား (၇၀၀) ခန့် တက်ရောက်ခဲ့ကြပါတယ်။