စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း ၅ / ၂၀၂၅ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ ဇန်နဝါရီ ၂၀              ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့၊ ၀၉:၃၀ နာရီအချိန်တွင် နေပြည်တော်၊ ရုံးအမှတ်- ၃၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ- ၂ ၌ ကျင်းပပြုလုပ်ခဲ့သည့် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ် ၅/၂၀၂၅ ဖွင့်ပွဲအခမ်းအနား သို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက် အမှာစကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းကို ၅ ကြိမ် မြောက်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ဥပဒေအသိပညာများ ကျယ်ပြန့်စွာသိရှိနိုင်စေရန်အတွက် ကျန်ရှိသည့် အရာထမ်း၊ အမှုထမ်းများအတွက်လည်း ဆက်လက်ဖွင့်လှစ်ပို့ချသွားရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း၊ ဥပဒေအသိပညာများ သိရှိခြင်းဖြင့် လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် ဥပဒေနှင့် အညီ အကျိုးရှိစွာ လက်တွေ့အသုံးချဆောင်ရွက်နိုင်မှာဖြစ်ပြီး တာဝန်များကိုလည်း အမှား အယွင်းမရှိ ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ ဝန်ထမ်းကောင်းများလည်း ဖြစ်လာမည်ဖြစ်ကြောင်း၊ သင်တန်း ကာလအတွင်း ဥပဒေဘာသာရပ်များ သင်ယူပြီးပါကလည်း စဉ်ဆက်မပြတ် လေ့လာ ဆည်းပူးကြရန်တိုက်တွန်းလိုကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့မှ ဇန်နဝါရီလ ၃၀ ရက်နေ့အထိ သင်တန်းသား/သူ ၆၀ ဦးဖြင့် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားသို့ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သူ တို့ တက်ရောက်ကြကြောင်း သတင်းရရှိသည်။