နှစ်နိုင်ငံအကြား G to G စာချုပ်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှစ်နိုင်ငံအစိုးရတို့အကြား ဆန်စပါး ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (Memorandum of Understanding - MoU) ကို ၂၀၂၂ ခုနှစ်၊ စက်တင် ဘာလတွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၂၂ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ နှစ်စဉ်အများဆုံး ဆန်ဖြူတန်ချိန် (၂၅၀၀၀၀) ထိနှင့် ပေါင်းဆန် တန်ချိန် (၅၀၀၀၀) ထိတို့ အားတင်ပို့ရောင်းချနိုင်မည်ဖြစ်သည်။ အဆိုပါ MoU အရ မြန်မာနိုင်ငံ Myanmar Rice Federation – MRF နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Directorate General of Food တို့မှ ဧည့်မထ ၅% တန်းမြင့်ဆန် တန်ချိန် (၂၀၀၀၀၀) တင်ပို့ရန် အရောင်းစာချုပ် (Sales Contract) ကို ချုပ်ဆိုခဲ့ပြီး တင်ပို့နိုင်ရေး အတွက် လိုအပ်သည်များ ဆောင်ရွက်ခဲ့ကြသည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့အထိ ဆန်တန်ချိန် (၁၇၄,၀၀၀) ကျော်အား တင်ပို့ခဲ့ပြီး တင်ပို့ရန်ကျန်ရှိသော ဆန်များအနက် ဆန်တန်ချိန် (၂၅,၀၀၀) ကျော်အား သင်္ဘောတင်ဆဲဖြစ်ကာ ကျန်ရှိသည့် ဆန်များအား သက်မှတ်ကာလအတွင်း ပြည့်မီအောင် ဆက်လက်တင်ပို့သွားမည်ဖြစ် ကြောင်းသတင်း ရရှိသည်။