စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း လုပ်ငန်းခွင်သုံးဥပဒေများဆိုင်ရာ အသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ် ၄ / ၂၀၂၅ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ရုံးအမှတ်- ၃၊ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ- ၂ ၌ ကျင်းပပြုလုပ်ခဲ့သည့် လုပ်ငန်းခွင်သုံး ဥပဒေများဆိုင်ရာ အသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ် ၄ / ၂၀၂၅ ဖွင့််ပွဲအခမ်း အနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဒုတိယဝန်ကြီး ဦးမင်းမင်းက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနမှ ဝန်ထမ်းများ အနေဖြင့် လက်တွေ့လုပ်ငန်းနယ်ပယ်များတွင် မိမိတို့ဌာနက ကျင့်သုံးနေသည့် ဥပဒေများကို သိရှိ ထားရန်လိုအပ်ပြီး အဆိုပါဥပဒေတွေနှင့် ဆက်စပ်နေသည့် အခြားဌာနများမှ ဥပဒေများကိုလည်း လေ့လာသိရှိထားရန်လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာ ဥပဒေပါ ပြဌာန်းချက်များကို ပြည့်ပြည့်စုံစုံ သိရှိနားလည်ထားမှသာ လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ လိုက်နာဆောင် ရွက်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် လုပ်ငန်းခွင်သုံး ဥပဒေအသိပညာပြန့် ပွားရေးသင်တန်းများအား ၂၀၂၅ ခုနှစ်အတွင်းတွင် သုံးကြိမ်ဖွင့်လှစ်ခဲ့ပြီး အရာထမ်း ၁၇၂ ဦး တက် ရောက်ခဲ့ပြီး ဖြစ်ပါသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သင်တန်းသား/သင်တန်းသူ စုစုပေါင်း ၇၅ ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။