စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း စစ်ဆေးရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား
စစ်ဆေးရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အမှတ်စဉ် ၁/၂၀၂၅ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၀၉း၃၀ နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ်- ၅၂၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း တက်ရောက် အမှာ စကားပြောကြားခဲ့သည်။
ဒုတိယဝန်ကြီး ဦးမင်းမင်းက အမှာစကားပြောကြားရာတွင် စားသုံးသူရေးရာဦးစီးဌာနအနေ ဖြင့် တိုင်ကြားလာမှုများကို စုံစမ်းစစ်ဆေးရန်နှင့် ဘေးအန္တရာယ်ရှိသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဈေးကွက်အတွင်းမှ ပပျောက်စေရန်အတွက် စစ်ဆေးရေးအရာရှိများ ခန့်အပ်တာဝန်ပေးအပ်ထား ပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခန့်အပ်ပြီး စစ်ဆေးရေးအရာရှိ စုစုပေါင်း (၅၇၆) ဦးရှိပြီးဖြစ်ပါ ကြောင်း၊ အဆိုပါခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုရှိစေရေးအတွက် စစ်ဆေးရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကို ဖွင့်လှစ်ရခြင်းဖြစ် ပါကြောင်း၊ ၂၀၁၉ ခုနှစ်မှ စတင်၍ နှစ်စဉ်ဖွင့်လှစ်ခဲ့ရာ ယနေ့ဖွင့်လှစ်သည့် အလုပ်ရုံဆွေးနွေးပွဲသည် (၁၁) ကြိမ်မြောက် ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ စစ်ဆေးရေးအရာရှိများအနေဖြင့် ဆွေးနွေးပွဲမှ ရရှိ လာသည့် အတွေ့အကြုံများကို လိမ္မာပါးနပ်စွာ အသုံးချကာဆောင်ရွက်ခြင်းဖြင့် ဘေးအန္တရာယ် ကင်းသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို စားသုံးသူများအနေဖြင့် အသုံးပြုလာနိုင်မှာဖြစ်ပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းကို ပိုမိုစနစ်ကျ ထိရောက်စွာဆောင်ရွက်ခြင်းဖြင့် ဦးစီး ဌာနနှင့် ဝန်ကြီးဌာန၏ ဂုဏ်ကိုမြှင့်တင်ပေးဖို့ တိုက်တွန်းလိုကြောင်း ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စစ်ဆေးရေးအရာရှိ သင်တန်းသား (၂၀) ဦးတို့ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့မှ ဩဂုတ်လ ၁ ရက်နေ့အထိ ၅ ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နည်းပြများ၊ သင်တန်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။