စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ်၊ မိုးရာသီ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်အမှာစကားပြောကြား
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ်၊ မိုးရာသီ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့ ၁၇:၀၀ နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်- ၃ ရှိ လျှိုပိတ်ဆည်၌ ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက် အမှာစကားပြောကြားခဲ့ သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ငါးသယံဇာတများ တိုးပွားလာစေရေး၊ ငါးမျိုးပြုန်းတီးမှုမဖြစ် ပေါ်စေရေး၊ သဘာဝရေပြင်နှင့် ကန်များတွင် ငါးမျိုးများ ရေရှည်စဉ်ဆက်မပြတ် တည်တံ့ခိုင်မြဲပြီး ငါးသယံဇာတပေါကြွယ်ဝစေရေး၊ နိုင်ငံတော်၏ ငါးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရန် တစ်ဖက် တစ်လမ်းမှ ပံ့ပိုးပေးနိုင်ရေး ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း ငါးမျိုးများစိုက်ထည့်ခြင်းဖြင့် သက်ရှိ လူသားများနှင့် သဘာဝပတ်ဝန်းကျင်တို့အကြား အချိုးညီစွာတည်ရှိနေသော ဂေဟစနစ် ရေရှည်တည် တံ့နိုင်မည်ဖြစ်ကြောင်းနှင့် ဝန်ထမ်းများအတွက်လည်း စားနပ်ရိက္ခာဖူလုံရေးအတွက် ငါးရိက္ခာပံ့ပိုးပေး နိုင်မည်ဖြစ်ရာ ငါးများရေရှည်တည်တံ့ရှင်သန်နိုင်ရေး စောင့်ရှောက်ထိန်းသိမ်းရမည်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံနှင့် ဒုတိယဝန်ကြီး ဦးကျော်ရွှေထွန်းတို့က ငါးမျိုး စိုက်ထည့်ပေးပြီးနောက် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်း ဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများကလည်း ဆက်လက်၍ ငါးမျိုးများကို စိုက်ထည့်ကြသည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးကျော်ရွှေထွန်း၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် အရာထမ်း၊ အမှုထမ်း စုစုပေါင်း ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး ငါးမြစ်ချင်း ငါးသားပေါက်ကောင် ရေ ၃,၀၀၀ နှင့် ထိုင်းငါးခုံးမ ငါးသားပေါက်ကောင်ရေ ၂,၀၀၀ စုစုပေါင်းငါးကောင်ရေ ၅,၀၀၀ အား ငါးမျိုးစိုက်ထည့်မွေးမြူခဲ့ကြကြောင်း သတင်းရရှိသည်။