စက်မှုဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် ဦးထွန်းအုံတို့က ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေး လုပ်ငန်း များအတွက် လိုအပ်သော သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်း သုံးပစ္စည်းများအား
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဘေးသင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သော သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများအား သက်သာသော ဈေးနှုန်းဖြင့် ဈေးရောင်း ပွဲတော် ဖွင့်လှစ်ရောင်းချပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်- ၃၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံတို့ တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။
အစည်းအဝေးတွင် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက အဖွင့် အမှာစကားပြောကြားရာ၌ ငလျင်လှုပ်ခတ်ပြီးနောက် ပုဂ္ဂလိကအကြီးစားစက်မှု လုပ်ငန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ထုတ်လုပ်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်နေသည်ကို တွေ့ရှိရ ပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း နိုင်ငံပိုင်စက်ရုံများ ပြန်လည်လည်ပတ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်နေပါကြောင်း၊ ငလျင်ဘေးသင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက် ရေးလုပ်ငန်းများအတွက် သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများသည် မဖြစ်မနေလိုအပ်သော ပစ္စည်းများဖြစ်ပြီး ငလျင်ဖြစ်ပွားရာဒေသများကို စုံစမ်းကြည့်ရာတွင် လိုအပ် ချက်အရ ဈေးနှုန်းကြီးမြင့်ကွာခြားမှုများရှိနေသည်ကိုတွေ့ရှိရပါကြောင်း၊ သို့ဖြစ်ရာ ငလျင်ဘေးသင့် ဒေသများတွင် တည်ဆောက်ရေးပစ္စည်းများ အရည်အသွေး ပြည့်မီပြီး ဈေးနှုန်း မှန်ကန်စွာဖြင့် လုံလောက်စွာရရှိနိုင်ရေး၊ အချိန်မီရရှိနိုင်ရေးအတွက် ဈေးရောင်းပွဲတော် ဖွင့်လှစ်ရောင်းချပေးရန် စီစဉ်လျက်ရှိကြောင်း၊ တက်ရောက်လာသည့် ဌာနများနှင့် အသင်းများကလည်း ဈေးရောင်းပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်နိုင်ရန် ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း ပြောကြားပါသည်။
ယင်းနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ပြောကြားရာတွင် ငလျင်ဘေးသင့်အဆောက်အဦများအား ပြင်းအား ရစ်(ခ်)တာစကေး ၈ အဆင့် ဒဏ်ခံနိုင်ရန် ပြန်လည်တည်ဆောက်ရာတွင် အရည်သွေးမှန်ကန်သည့် ပစ္စည်းများ အသုံး ပြုနိုင်ရေးနှင့် ဈေးနှုန်းသက်သာစေရေး၊ အာမခံချက်ရှိသည့် ပစ္စည်းများကို လွယ်ကူလျင်မြန်စွာ ဝယ်ယူအသုံးပြုရေးနှင့် အဆောက်အဦများ မြန်ဆန်စွာဆောက်လုပ်နိုင်ရေး ရည်ရွယ်၍ ဈေးရောင်း ပွဲတော် ဆောင်ရွက်ရန် စီစဉ်ခြင်းဖြစ်ကြောင်း၊ အဆိုပါဈေးရောင်းပွဲတော်ကို ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ကျင်းပသွားမည်ဖြစ်ရာ သက်ဆိုင်ရာအသင်းများ၏ ဦးဆောင်မှုဖြင့် လုပ်ငန်းရှင်များမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် ပြောကြားပါသည်။
ဆက်လက်၍ တက်ရောက်လာသည့် သက်ဆိုင်ရာအသင်းများက ဆွေးနွေးတင်ပြရာတွင် ဈေးရောင်းပွဲတော် ဖွင့်လှစ်ရောင်းချရာတွင် အမှန်တကယ်လိုအပ်သူများကို ရောင်းချပေးနိုင်ရေးနှင့်ဈေးနှုန်းသက်သာစွာဖြင့် အရည်အသွေးပြည့်မီသည့် ပစ္စည်းများရရှိရေးတို့အတွက် တာဝန်ယူ၊ တာဝန်ခံ၍ ရိုးသားစွာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဈေးရောင်းပွဲတော် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ Grouting ဘိလပ်မြေ ထုတ်လုပ်သည့် Sika Myanmar Limited နှင့် Aung Pyitan Co., Ltd တို့ ကလည်း လက်ရှိဆောင်ရွက်နေမှုအခြေအနေများ၊ ဘိလပ်မြေဝယ်လိုအား မြင့်တက်လာသည့် အတွက် တိုးမြှင့်ထုတ်လုပ်နိုင်ရေးဆောင်ရွက်နေမှုအခြေအနေများ၊ ဈေးရောင်းပွဲတော်တွင် ဈေးနှုန်း လျှော့ချရောင်းပေးမည့် အခြေအနေများကို ဆွေးနွေးတင်ပြကြပါသည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသူများက သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများအား သက်သာသောဈေးနှုန်းဖြင့် ဈေးရောင်းပွဲတော် ဖွင့်လှစ် ရောင်းချပေးနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ၊ ဆက်လက်ဆောင်ရွက်မည့် အစီ အမံများကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက နိဂုံးချုပ် အမှာစကားပြောကြားရာတွင် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ကို ရောင်းချရန်အတွက် ဈေးရောင်းပွဲတော်အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး အစိုးရဌာနများနှင့် သက်ဆိုင်ရာအသင်းများအကြား ဆက်လက်ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ဆွေးနွေးတင်ပြပေးသူများ၊ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သူများအားလုံးကို နိုင်ငံတော်ကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားကာ အစည်းအဝေးကို ၁၂:၃၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ ပါသည်။
အစည်းအဝေးသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင် များအသင်း၊ မြန်မာနိုင်ငံ သံမဏိလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ သံနှင့် သံမဏိအသင်း၊ ဘိလပ်မြေထုတ်လုပ်သူများအသင်းတို့မှ အသင်းဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိပါသည်။