စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ငလျင်ဘေးဒဏ်သင့်ဝန်ထမ်းနှင့် မိသားစုများအား ဒုတိယအကြိမ်ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်လှူဒါန်းခြင်းအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်အားပေးအမှာစကားပြောကြား

နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဧပြီ ၈    ၂၀၂၅ ခုနှစ်၊ ဧပြီ ၈ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းဝေးခန်းမ -၂ ၊ ရုံးအမှတ် - ၃ ၊ နေပြည်တော်၌ ငလျင်ဘေးဒဏ်သင့်ဝန်ထမ်းများနှင့် မိသားစုများအား ဒုတိယအကြိမ် ထောက်ပံ့ငွေနှင့် ပစ္စည်း များပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ ငလျင်ဒဏ်ကြောင့် အသက်ဆုံးရှုံးမှု များနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် တစ်မိနစ် ငြိမ်သက်၍ ဦးညွှတ်ဂါရဝပြုကြသည်။ 

              ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင်  နိုင်ငံတော်အနေဖြင့် ပြင်းထန် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ပြန်လည်ထူထောင်‌ရေးတို့ကို အင်တိုက် အားတိုက် ဆောင်ရွက်ပေးနေပါကြောင်း၊ ငလျင်ဘေးဒဏ်ကြောင့် မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်း များမှာ အသက်အန္တရာယ်ထိခိုက်မှုမရှိသော်လည်း ထိခိုက်ဒဏ်ရာရမှု တစ်ဦးရှိပါကြောင်း၊ ငလျင် ဘေးဒဏ်သင့်ဝန်ထမ်းများနှင့် မိသားစုများ နေထိုင်ရန်အတွက် ယာယီစခန်းများတွင် နေရာချ ထားပေးလျက်ရှိရာ စခန်းအလိုက် တာဝန်ခံများ သတ်မှတ်ပေးထားပြီးဖြစ်၍ ဝန်ထမ်းများ အနေဖြင့် စနစ်တကျနေထိုင်ကြစေလိုကြောင်း၊ သင်္ကြန်ရုံးပိတ်ရက်ရှည်ကာလအတွင်း စခန်းများ တွင် နေထိုင်ကြသော ဝန်ထမ်းများနှင့် မိသားစုများ ရေပြတ်လပ်မှု မကြုံတွေ့စေရန်အတွက် ဂါလန် ၈၀၀၀ ဆန့် ယာယီရေကား ၃ စီး အား စီစဉ်နေပြီ ဖြစ်ပါကြောင်း၊  ဝန်ကြီးဌာနအနေဖြင့် ငလျင်ဘေးသင့်ဝန်ထမ်းများ နေထိုင်စားသောက်ရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် စေတနာရှင် ပြည်သူများမှ လှူဒါန်းသည့် အလှူပစ္စည်းများအား မျှတစွာ ထောက်ပံ့ပေးလျက်ရှိပါ ကြောင်း၊ ယာယီစခန်းများတွင် လျှပ်စစ်မီး အဆင်ပြေစေရန်အတွက် အရန်မီးစက်နှင့် စက်သုံးဆီ များထားရှိပါကြောင်း၊ သန့်ရှင်းသောသောက်သုံးရေ ရရှိနိုင်ရေးအတွက် တပ်ဆင်ထားသည့် ရေသန့်စက်များကိုလည်း စနစ်တကျအသုံးပြုကြရန်နှင့် အဆိုပါရေသန့်စက်များအတွက် လိုအပ် သော Filter များကိုလည်း ကြိုတင်စုစည်းထားပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့ ဆောင်ရွက်ရမည့် ရုံးလုပ်ငန်းများကို ယခင်အတိုင်း ဆောင်ရွက်ရန်လိုအပ်ပါကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။ 

              ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ ငလျင်ဘေး အန္တရာယ်မကျရောက်မီ ကြိုတင်ကာကွယ်ခြင်းနှင့် ငလျင်ဘေးအန္တရာယ် ကျရောက် ချိန်တွင် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

              ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးမင်းမင်း၊ ဦးကျော်ရွှေထွန်းတို့က ငလျင်ဘေးသင့် ဝန်ထမ်းနှင့် မိသားစုများအား ဒုတိယအကြိမ်အဖြစ် ဝန်ထမ်းတစ်ဦးလျှင် ငွေသား ကျပ် ၁ သိန်း၊ ဆန် ၁၂ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ကြက်ဥ၊ ခေါက်ဆွဲ ခြောက်၊ အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ စားပွဲတင်ပန်ကာ၊ ထမင်းပေါင်းအိုး၊ စားသောက် ဖွယ်ရာများနှင့် သောက်ရေသန့်များကို သက်ဆိုင်ရာဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ ထံသို့ အသီးသီးပေးအပ်ခဲ့ပြီး ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ငလျင်ဘေးသင့် ဝန်ထမ်းများကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။