စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း (၂၉) ကြိမ်မြောက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သည့် မိတ်ဖက်အစည်းအဝေးသို့ တက်ရောက်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှထွက်ခွာ
နေပြည်တော်၊ ဒီဇင်ဘာ ၁
စီးပွားရေးနှင့်a ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းသည် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ Bharat Mandapam ၌ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက် နေ့မှ ၃ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၂၉) ကြိမ်မြောက် အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက် သည့် မိတ်ဖက်အစည်းအဝေးသို့ တက်ရောက်ရန် ယနေ့ညပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ နယူးဒေလီမြို့သို့ ထွက်ခွာသွားရာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ လိုက်ပါပို့ဆောင်ခဲ့ကြသည်။
အဆိုပါအစည်းအဝေးအား ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုများတွင် ကမ္ဘာ လုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အခိုင်အမာဖြစ်စေရေး အထောက်အကူဖြစ်စေရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ပြီး အစည်းအဝေးတွင် ကုန်သွယ်ရေး၊ စက်မှုကဏ္ဍ၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေးနှင့် ရာသီဥတုသက်ရောက်မှု၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ ပထဝီစီးပွားရေး မူဘောင်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြမည်ဖြစ်ရာ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်မှုတွင် အခြားနိုင်ငံများမှ ဆောင်ရွက်ထားရှိမှုများအား ကျယ်ပြန့်စွာသိရှိနိုင်ပြီး အမြင်ချင်း ဖလှယ်နိုင်မည့် အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။