ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးလုပ်ငန်းကော်မတီ ဥက္ကဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းမှ ရန်ကုန် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများ၊ ယာယီအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးလုပ်ငန်းကော်မတီ ဥက္ကဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်တို့သည် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများလိုက်ပါ လျက် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ၂၁ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများနှင့် ယာယီအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ ဆိုက်ကပ်ရောက်ရှိလာသော ရန်ကုန်-ရနောင်း နယ်စပ် ကုန်သွယ်မှု အထွေထွေကုန်ပစ္စည်းတင် ကုန်တင်သင်္ဘောများ၏ ဆိပ်ကမ်းများသို့ ဆိုက်ကပ် ဝင်ရောက်မှု၊ ကုန်စည်များ ရှင်းလင်းထုတ်ယူနေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါ သည်။

ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးလုပ်ငန်းကော်မတီ ဥက္ကဌနှင့် အဖွဲ့သည် ယာယီအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများဖြစ်သည့် မုတ္တမဆိပ်ကမ်းနှင့် ရွှေမဲဆိပ်ကမ်းများ သို့ရောက်ရှိရာ ဆိပ်ကမ်းတာဝန်ရှိသူများမှ ရန်ကုန်-ရနောင်း နယ်စပ်ကုန်သွယ်မှု၊ အထွေထွေ ကုန်ပစ္စည်းတင် ကုန်တင်သင်္ဘောများဆိုက်ကပ်ရောက်ရှိမှု၊ ကုန်ပစ္စည်းများ တင်/ချ ဆောင်ရွက်နေမှု၊ အကောက်ခွန်ရှင်းလင်းဆောင်ရွက်နေမှုအခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် လုပ်ငန်းကော်မတီ ဥက္ကဌမှ လိုအပ်သည်များ မှာကြားဖြည့်ဆည်းပြီး ဆိပ်ကမ်းများအတွင်း လုပ်ငန်းဆောင်ရွက်နေမှုများ ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ လုပ်ငန်းကော်မတီဥက္ကဌနှင့်အဖွဲ့သည် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများဖြစ် သည့် အေးရှားဝေါဆိပ်ကမ်း၊ AIPT ဆိပ်ကမ်း၊ YIGT ဆိပ်ကမ်း နှင့် MIP ဆိပ်ကမ်းများသို့ ရောက်ရှိ ခဲ့ရာ ဆိပ်ကမ်းတာဝန်ရှိသူများမှ ရန်ကုန်-ရနောင်း နယ်စပ်ကုန်သွယ်မှု၊ အထွေထွေကုန်ပစ္စည်းတင် ကုန်တင်သင်္ဘောများ ဝင်ရောက်မှုအခြေအနေများကို ရှင်းလင်းတင်ပြမှုအပေါ် လုပ်ငန်းကော်မတီ ဥက္ကဌမှ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု နိုင်ငံခြားသင်္ဘောကြီးများ ဆိုက်ကပ်ဝင်ရောက်ချိန် နယ်စပ် ကုန်သွယ်မှု ကုန်တင်သင်္ဘောများ ဆိုက်ကပ်ဆောင်ရွက်မှု လုပ်ငန်းအခက်အခဲများအပေါ် လိုအပ် သည်များ မှာကြားခဲ့ပြီး ဆိပ်ကမ်းများအတွင်း လုပ်ငန်းများဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပါသည်။

ထို့နောက် လုပ်ငန်းကော်မတီဥက္ကဌ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး တို့သည် ရန်ကုန်မြို့ ကမ်းနားလမ်းရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပို့ကုန်သွင်းကုန် ရုံး၌ ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ရန်ကုန်-ကော့သောင်း-ရနောင်းနှင့် ရန်ကုန်-ရနောင်း ရေလမ်းကြောင်းမှတဆင့် ကုန်တင်သင်္ဘောအစီးလိုက် သွင်းကုန်လိုင်စင်ခွင့်ပြုမှုအရ ရန်ကုန်ဆိပ်ကမ်း များသို့ ဆိုက်ကပ်ရောက်ရှိခြင်း၊ အကောက်ခွန်ရှင်းလင်းခြင်းနှင့် ကုန်ပစ္စည်းများ စစ်ဆေးရေး ဆောင်ရွက်ရာတွင် လွယ်ကူလျင်မြန်ချောမွေ့စေရေး ဈေးကွက်အတွင်းသို့ ကုန်ပစ္စည်းများ အချိန်နှင့် တပြေးညီ ဖြန့်ဖြူးနိုင်ရေးလုပ်ငန်းများဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။