သြင်္ကန်အပြီး ပြောင်းပိုမိုတင်ပို့

 

          ၂၀၁၅ ခုနှစ် ဧပြီလ ၁၈ ရက်မှ ၂၄ ရက်တာ သီတင်းပတ်အတွင်းမြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၅ ဒသမ ၆၉၃ သန်းတန်ဖိုးရှိ ပြောင်းတန်ချိန် ၂၀၃၃၀ ကျော်နဲ့ ကန်ပိုက်တီးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၁၁၂ သန်းဖိုးရှိ ပြောင်း ၄၅၈ တန်ခွဲတင်ပို့ခဲ့ပါတယ်။ သြင်္ကန်ကာလဖြစ်တဲ့ ယခင်သီတင်းပတ်မှာတော့ မူဆယ်မှ ၄၆၆၁ တန်နဲ့ ကန်ပိုက်တီးမှ ၃၃၅ တန်ခွဲ သာတင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ ယခင်တစ်ပတ်က ပြောင်းတစ်တန်ဈေး ၂၉၃၀၆၅ ကျပ်ရှိခဲ့ပြီး ယခုတစ်ပတ်မှာ              ၃၀၂၇၆၆ ကျပ်သို့ ဈေးအနည်းငယ်မြင့်တက်ခဲ့ပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ ပြောင်းဝင်ရောက်မှုဟာ တစ်နေ့လျှင် တန်ချိန် ၃၀ဝ၀ ခန့်အဝင်ရှိသလို တရုတ်ဝယ်လက်က ဝယ်လိုအား ပုံမှန်ရှိတာကြောင့် ဈေးကောင်းရနေတာလို့ သိရပါတယ်။                                                                               

       

                                                                မော်မော်အောင်  MIRT