သြင်္ကန်ကာလပြောင်းတင်ပို့မှု

 

          မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်၊ လွယ်ဂျယ်နဲ့ကန်ပိုက်တီးစခန်းများမှ             ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အစ ဧပြီလ ၁ ရက်မှ ၂၀ ရက်အတွင်း ကန်ဒေါ်လာ ၁၃ ဒသမ ၁၆၀ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၄၆၉၂၀ တန် တင်ပို့နိုင်ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့ခဲ့တဲ့ ပြောင်းတန်ချိန်တွေကတော့ မူဆယ်မှ ၄၅၀၂၂ တန်၊ လွယ်ဂျယ်မှ တန် ၁၅၀ဝ နဲ့ ကန်ပိုက်တီးမှ ၃၉၈ တန်ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် မတ်လ နောက်ဆုံးပတ်က မူဆယ်နဲ့ ကန်ပိုက်တီးမှ ပြောင်းတန်ချိန် ၃၀၈၃၁ တန် တင်ပို့ခဲ့တာတွေ့ရပါတယ်။မူဆယ်ကုန်စည်ဒိုင်မှာ ဧပြီလ ၂၀ ရက်နေ့ရဲ့ ပြောင်းတစ်တန် မိမိဘက်ပေါက်ဈေးကတော့ ၂၉၃၀၆၅ ကျပ်ရှိပြီး ဧပြီလ ၁ ရက်နေ့က ၂၉၅၄၇၈ ကျပ်ရှိတာကြောင့် ပြောင်းဈေးအနည်းငယ်ကျဆင်းသွားခဲ့ပါတယ်။ မန္တလေး-မူဆယ် ကုန်စည်သယ်ယူခနှုန်းထားမှာ ပြောင်းတစ်ပိဿာကို ၈၄-၉၈ ကျပ်ရှိတယ်လို့သိရပါတယ်။

 

                                            မော်မော်အောင် MIRT