ယာဉ် (၂) စီးပေါ်မှ ကျောက်စိမ်းဟု ယူဆရတဲ့ ကျောက်တုံးဆိုဒ်စုံနဲ့ ကျောက်အဝိုင်းပြားများသိမ်းဆည်းရမိ

 

     မူဆယ်-မန္တလေးလမ်းကြောင်း တလျောက်တွင် တာဝန်ထမ်းဆောင်လျှက်ရှိတဲ့ Mobile Team လရ-၁ အဖွဲ့ဟာ ဧပြီလ ၁၀ ရက်နေ့က မန္တလေးမှမူဆယ်သို့ သွားရောက်မည့် 3C/xxxx ယာဉ်အား သွားရောက် စစ်ဆေးရာ တရားမဝင် တင်ဆောင်လာတဲ့ ကျောက်စိမ်းဟုယူဆရတဲ့ ကျောက်တုံး ဆိုဒ်စုံအား စစ်ဆေး တွေ့ရှိခဲ့ပါတယ်။ အလားတူ ဧပြီလ ၁၂ ရက်တွင်လည်း မန္တလေးမှ မူဆယ်သို့ သွားရောက်မည့် ယာဉ်အမှတ် 4F/xxxx အား ဝင်ရောက်စစ်ဆေးရာ ယာဉ်အောက်တွင် အံဝှက်ပြုလုပ်၍ တရားမဝင် သယ်ဆောင်လာတဲ့ ကျောက်စိမ်းဟု ယူဆရတဲ့ ကျောက်တုံးများနဲ့ ကျောက်အဝိုင်းပြားများအား ရှာဖွေတွေ့ရှိပါတယ်။ အဆိုပါ ယာဉ်များအား Mobile Team အဖွဲ့စုံဖြင့် အသေးစိတ်ဖွင့်ဖေါက်စစ်ဆေးစဉ် ယာဉ်မောင်းမှာ ထွက်ပြေး တိမ်းရှောင်သွားတယ်လို့သိရပါတယ်၊ သိမ်းဆည်းရမိ ကျောက်စိမ်းဟုယူဆရတဲ့ ကျောက်တုံးများနဲ့ တင်ဆောင် လာတဲ့ ယာဉ်အား အကောက်ခွန် အမှုတွဲဖွင့်လှစ်ပြီး အကောက်ခွန်ဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံပြီး ဖြစ်တယ်လို့သိရပါတယ်။

                                                                                                                                                          MIRT