ကျပ် ၂၁ သိန်းကျော်ခန့်မှန်းတန်ဖိုးရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ စစ်ဆေးမှု ပြုမထားသော အေးခဲဘဲသားများ စစ်ဆေးတွေ့ရှိဖျက်ဆီးခဲ့

 

       မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ထုတ်နှုတ်အင်အား Mobile Team အဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးစီးသော အဖွဲ့ဟာ မတ်လ ၁၉ ရက် ၁၀း၄၀ ချိန်မှာ မော်တောင်းကျေးရွာအနီး ရှောင်ကွင်းလမ်းမှာ အကောက် ခွန်မဲ့တရားမဝင်သယ်ဆောင်လာသော အေးခဲဘဲသားများကို စစ်ဆေးတွေ့ရှိခဲ့ရတဲ့အတွက် တားဆီးပြီး စာရွက်စာတန်းအထောက်အထားများ တောင်းခံရာမှာ တင်ပြနိုင်ခြင်းမရှိပါဘူး။ ဒါ့အပြင် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ကြက်ငှက်တုတ်ကွေး အပါအဝင် စားသုံးရန်သင့် မသင့်စစ်ဆေးထားခြင်းလည်း မရှိရာ အေးခဲဘဲသား (၇၀) အိတ် (၁၀၅၀) ကီလိုဂရမ်၊ ခန့်မှန်းတန်ဖိုးကျပ် ၂၁၀ဝဝဝ၀ (ကျပ်နှစ်ဆယ့်တစ်သိန်း) အား သိမ်းဆည်း၍ အကောက်ခွန် အမှုတွဲဖွင့်လှစ်ပြီး မူဆယ်မြို့နယ် အကောက်ခွန်ဦးစီးဌာနသို့ လွှဲအပ်ခဲ့တယ်လို့သိရပါတယ်။

          အဆိုပါ အေးခဲဘဲသားများကို မတ်လ ၂၀ ရက်နေ့ ၁၅းဝ၀ ချိန်ခန့်မှာ မူဆယ်မြို့နယ် အကောက်ခွန်ရုံး ဝန်းအတွင်း မူဆယ်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှ ဦးစီး၍ Mobile Team အဖွဲ့ဝင်ဌာန ကိုယ်စားပြု ကိုယ်စားလှယ်များ ပါဝင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က မြေမြှုပ်ဖျက်ဆီးပြီး ဖြစ်တယ်လို့ သတင်းရရှိပါတယ်။

  (ဓါတ်ပုံပါသည်။)

                                                                                       MIRT