ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ယူအေအီးနိုင်ငံများသို့ပါရော်ဘာတင်ပို့နိုင်

 

          ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ မတ်လ၂၂ ရက်မှ ၂၈ ရက်တာရက်သတ္တပတ်အတွင်းမှာ ကန်ဒေါ်လာ ၂ ဒသမ ၇၇၃ သန်းဖိုးရှိ ရော်ဘာ ၂၁၅၈ တန်ကျော်ကို တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်တစ်ပတ်က မလေးရှားတစ်နိုင်ငံတည်းသို့သာ ရော်ဘာတန် ၉၂၀ တင်ပို့ခဲ့တာဖြစ်ပါတယ်။ယခုတစ်ပတ်မှာ မလေးရှား၊ စင်ကာပူနဲ့ ယူအေအီးနိုင်ငံများသို့ပါတင်ပို့နိုင်ခဲ့တဲ့အတွက် ရော်ဘာ ၁၂၃၈ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။နိုင်ငံအလိုက်တင်ပို့နိုင်မှုတွေကတော့ မလေးရှားနိုင်ငံသို့ ရော်ဘာ RSS-3 ၁၀၆၇ တန်နဲ့ RSS-5 တန် ၅၀၊ စင်ကာပူနိုင်ငံသို့ MSR- 20 ၃၈၂ တန်ကျော်၊ ယူအေအီးနိုင်ငံများသို့ RSS-3 တန် ၄၀ဝ နဲ့ MSR- 20 ၂၅၉ တန်တင်ပို့ခဲ့တာဖြစ်ပါတယ်။

          မတ်လ ၁ ရက်နေ့မှ ၂၈ ရက်အထိ အတွင်းမှာတော့ ကန်ဒေါ်လာ ၇ ဒသမ ၈၈၈ သန်းဖိုးရှိ ရော်ဘာ ၆၁၁၅ တန်ကျော်ကို တင်ပို့နိုင်ခဲ့ပြီး ဖေဖော်ဝါရီလ တင်ပို့မှုထက် ၁၇၈၇ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ပြည်တွင်းရော်ဘာဈေးမှာ ဧပြီလ ၃ ရက်နေ့ထိ မြိတ်မှာ RSS-3 ၁ပေါင်ကို ၅၅၆ ကျပ်နဲ့မော်လမြိုင်မှာ     RSS-3 ၁ပေါင်ကို ၅၉၅ ကျပ်ဈေးပေါက်ပါတယ်။

          ယခုတစ်ပတ်မှာ နိုင်ငံတကာရော်ဘာပေါက်ဈေးများ အပြောင်းအလဲသိပ်မရှိတဲ့အတွက် ပြည်ပပို့မဲ့ ရော်ဘာများရဲ့ပေါက်ဈေးကိုလည်း ယခင်တစ်ပတ်အတိုင်း မပြောင်းလဲဘဲမြန်မာနိုင်ငံရော်ဘာ စိုက်ပျိုး ထုတ်လုပ်သူများအသင်းက ဈေးနှုန်းထုတ်ပြန်ထားပါတယ်-

        RSS 1                 တစ်တန်လျှင် ဒေါ်လာ       ၁၄၀ဝ-၁၅၀ဝ

        RSS 2                 တစ်တန်လျှင် ဒေါ်လာ       ၁၃၅၀-၁၄၅၀

        RSS 3                 တစ်တန်လျှင် ဒေါ်လာ       ၁၃၀ဝ-၁၄၀ဝ

        RSS 4                 တစ်တန်လျှင် ဒေါ်လာ       ၁၂၅၀-၁၃၅၀

        RSS 5                 တစ်တန်လျှင် ဒေါ်လာ       ၁၂၀ဝ-၁၃၀ဝ

        MSR 10              တစ်တန်လျှင် ဒေါ်လာ       ၁၃၀ဝ-၁၄၀ဝ

        MSR 20              တစ်တန်လျှင် ဒေါ်လာ       ၁၂၅၀-၁၃၅၀

        MSR 50              တစ်တန်လျှင် ဒေါ်လာ       ၁၁၅၀-၁၂၅၀

        Crepe Rubber      တစ်တန်လျှင် ဒေါ်လာ       ၁၁၀ဝ-၁၂၀ဝ               

                                                                ယဉ်ယဉ်အေး MIRT (DCCA)