ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် စည်ပင်သာယာခန်းမတွင် စားသုံးသူအကာအကွယ်ပေးရေးအကြောင်း သိကောင်းစရာများ ဟောပြောဆွေးနွေး

 

          ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် စည်ပင်သာယာခန်းမ၌ ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် စားသုံးသူအကာအကွယ်ပေးရေးအကြောင်း သိကောင်းစရာများ ဟောပြောဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။

          ဟောပြောဆွေးနွေးပွဲတွင် ကျောက်တံခါးမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဌာန၊ ကျောက်တံခါးမြို့နယ်တာဝန်ခံ ဦးနေမျိုးထိုက်ကျော် (ဒု-ဦးစီးမှူး) က ဟောပြောဆွေးနွေးရာ နိုင်ငံတော်မှ  ၂၀၁၄ ခုနှစ်  မတ်လ ၁၄ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က ဥပဒေအမှတ် (၁၀) ဖြင့် စားသုံးသူအကာအကွယ်ပေးရေး ဥပဒေကို အတည်ပြုပြဌာန်းခဲ့ပြီး ဖြစ်ကြောင်း၊  ゞင်းဥပဒေ၏ ရည်ရွက်ချက်၊ ရည်မှန်းချက်များ အောင်မြင်စေရန်အတွက်  စားသုံးသူအကာအကွယ်ပေးရေး ဗဟိုကော်မတီကို ၂၀၁၄ ခုနှစ် ဇွန်လ  ၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး၊ တိုင်းဒေသကြီးအတွင်းတွင်  စားသုံးသူ အကာအကွယ်ပေးရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီး စားသုံးသူအငြင်းပွား မှုဖြေရှင်းရေးအဖွဲ့ကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖွဲ့စည်း တာဝန်ပေးခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ゞင်းအဖွဲ့အစည်း၏ လုပ်ငန်းတာဝန်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အဖွဲ့၏ လက်အောက်တွင်ရှိသော စားသုံးသူတိုင်ကြားမှု လက်ခံဆောင်ရွက်ရေးလုပ်ငန်းကော်မတီကို အဖွဲ့ဝင် ၁၀ ဦးဖြင့်  လည်းကောင်း၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းကော်မတီကို အဖွဲ့ဝင် ၁၀ ဦးဖြင့်လည်းကောင်း၊  ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် တိုင်းဒေသကြီး စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ ဥက္ကဋ္ဌမှ ဖွဲ့စည်းတာဝန်အသီးသီးပေးခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေတွင်ပါရှိသည့် စားသုံးသူတို့၏ အခွင့်အရေးကို ရယူနိုင်သကဲ့သို့ မိမိတို့၏ တာဝန်များကိုလည်း လိုက်နာရန်လိုအပ်ကြောင်း၊ ထုတ်လုပ်ရောင်းချသူ စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့်လည်း မိမိတို့၏ တာဝန်နှင့် တားမြစ်ချက်များကို လိုက်နာရန်လိုအပ်ကြောင်း ၊ ဥပဒေ ပါပြစ်မှုပြစ်ဒဏ်များအကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး အစားအသောက်နှင့် ပတ်သက်၍ ဓါတုဆိုးဆေးများ၏ ဘေးအန္တရာယ်အကြောင်းနှင့် အရက်၊ ဘီယာ၊ ကွမ်း၊ ဆေးလိပ်တို့တွင် လူကို စွဲလမ်းစေသော  ဓါတုဗေဒပစ္စည်းများပါဝင်နေခြင်း၊ ကင်ဆာရောဂါတို့သည် ကျန်းမာရေးနှင့် စီးပွားရေးထိခိုက်စေမည်ဖြစ်ကြောင်း၊  အကျယ်တဝင့်ပြောကြားခဲ့ပါသည်။

          ဟောပြောဆွေးနွေးပွဲသို့ ကျောက်တံခါးမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ကျော်လွင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ စုစုပေါင်းအင်အား ၁၂၀ ဦး တက်ရောက်ပြီး တက်ရောက်လာသူများအား စားသုံးသူ အကာအကွယ်ပေးရေးအကြောင်း သိကောင်းစရာများ ပါဝင်သည့် စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

               

       

                                                                        ပေါ်ကွီး (ကျောက်တံခါး)