ဆီတိုင်ကီအံဝှက်အတွင်းမှ ကျောက်စိမ်းဟုယူဆရသော ကျောက်တုံး ၄၈ ကီလိုဂရမ်သိမ်းဆည်းရမိ

 

         မန္တလေး-မူဆယ် ကုန်သွယ်မှုလမ်းကြောင်းတွင် တရားမဝင် ကုန်သွယ်မှုတားဆီးရေးနှင့် စားသုံးသူအကာအကွယ်ပေးရန် တာဝန်ထမ်းဆောင်နေသော လရ(၁)အဖွဲ့က မတ်လ ၂၁ ရက် ၁၀း၃၀ ချိန်မှာ  Toyota Crown Majesta 3G/xxxx ရဲ့ခေါင်းပိုင်းအင်ဂျင်ခန်းနဲ့ နောက်ခန်းတို့မှာ ကျောက်စိမ်းလို့ယူဆရတဲ့ ကျောက်တုံးများ ၊ ကျောက်ပြားအပိုင်းအစများ၊ အဝိုင်းပြားများကို စစ်ဆေးတွေ့ရှိတားဆီးနိုင်ခဲ့ပါတယ်။ ပစ္စည်းများကို အသေးစိတ်စစ်ဆေးစဉ် ယာဉ်မောင်းမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။

          အဆိုပါ ကျောက်စိမ်းလို့ယူဆရတဲ့ ကျောက်များတင်ဆောင်လာသော ယာဉ်အား အကောက်ခွန် ဦးစီးဌာနသို့ သွားရောက်အပ်နှံရန် ဆီဖြည့်စဉ် ဆီတိုင်ကီရဲ့ လက်ခံနိုင်တဲ့ပမာဏ အပြည့်ဖြည့်နိုင်ခြင်း မရှိသေးသော်လည်း ဆီဒိုင်ခွက်က Full ဟုဖော်ပြနေတဲ့အတွက် ယာဉ်အား အသေးစိတ်ပြန်လည်ဖွင့်ဖောက် စစ်ဆေးခဲ့ရာ ယာဉ်အောက်ပိုင်းမှာ ဆီတိုင်ကီ (၂) ခု ပါရှိတာကို တွေ့ခဲ့ရပါတယ်။  ဆီတိုင်ကီများကို ဖြုတ်ချ စစ်ဆေးရာမှာ ဆီတိုင်ကီတစ်ခုတွင် ဆီမထည့်ဘဲ အံဝှက် ပြုလုပ်၍ ကျောက်စိမ်းဟု ယူဆရသော ကျောက်တုံး များအား ထည့်သွင်းထားတာကို ထပ်မံ တွေ့ရှိသိမ်းဆည်းခဲ့ရတယ်လို့ သတင်းရရှိပါတယ်။ ကျောက်စိမ်းလို့ ယူဆရတဲ့ ကျောက်တုံးများကို အဖွဲ့စုံနဲ့ ဖွင့်ဖောက်စစ်ဆေး ချိန်တွယ်ရာမှာ (၄၈) ကီလိုဂရမ်ရှိပြီး အကောက်ခွန် အမှုတွဲထပ်မံဖွင့်လှစ်၍ အကောက်ခွန်ဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံရန် စီစဉ်နေတယ်လို့ သိရပါတယ်။

DCCA  DCCA