လွယ်ဂျယ်နယ်စပ်မှ ွှှုဃ ကတ်နဲ့ မတ်လအတွင်း ဖရဲသီး ၉၅၂ တန်တင်ပို့နိုင်

 

         ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် မတ်လအတွင်းITC ကတ်နဲ့ လွယ်ဂျယ်နယ်စပ်မှ ဖရဲသီး ၉၅၂ တန် တန်ဖိုး ကျပ်သန်းပေါင်း ၁၂၆ ဒသမ ၆၁၆ ခန့်တင်ပို့နိုင်တာတွေ့ရပါတယ်။ ယခင်ဖေဖော်ဝါရီလအတွင်းမှာတော့ITC ကတ်နဲ့ တင်ပို့နိုင်ခြင်းမရှိဘဲ ဇန်နဝါရီလအတွင်းမှာတော့ ဖရဲသီး တန် ၁၈၀ တန်ဖိုး ကျပ်သန်းပေါင်း ၂ ဒသမ ၃၉၄ ခန့်တင်ပို့ခဲ့ပါတယ်။ လွယ်ဂျယ်နယ်စပ်မITC ကတ်နဲ့ ဖရဲသီးအဓိက တင်ပို့တာတွေ့ရပြီး သွင်းကုန်တင်သွင်းနိုင်ခြင်း မရှိပါဘူး။  လွယ်ဂျယ်နယ်စပ်မှ  ၁-၄-၂၀၁၄ မှ ၂၀-၃-၂၀၁၅  ထိITC ကတ်  ၆ကတ် ထုတ်ပေးနိုင်ပြီး ကျပ်သန်းပေါင်း ၆၆၇ ဒသမ ၃၂၈ ခန့်ကုန်သွယ်ပြီးဖြစ်ပါတယ်။  ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အတွင်း နယ်စပ်စခန်းများမITC ကတ် ၃၁၄ ကတ်ထုတ်ပေးနိုင်ပြီး ပို့ကုန် ကျပ်သန်း ၂၆၉၁ ဒသမ ၅၅၃ ခန့် သွင်းကုန် ကျပ်သန်း ၆၂၂၈ ဒသမ ၈၈၈ ခန့်ကုန်သွယ်မှုပမာဏ ကျပ်သန်း ၈၉၂၀ ဒသမ ၄၄၂ ကုန်သွယ်ပြီးဖြစ် တယ်လို့ နယ်စပ်စခန်းများမှ သိရပါတယ်။

         

                                                                                         cifrdk;olMIRT(DCCA)