စိုက်ပျိုးရေးဦးစီးဌာနရဲ့ တင်သွင်းခွင့်ထောက်ခံချက်လက်မှတ် Import Certificate နဲ့ မျိုးစေ့ တင်သွင်းခွင့်လိုင်စင်ထုတ်ပေးမည်

 

          မျိုးစေ့သွင်းကုန်လိုင်စင်လျှောက်ထားရာမှာ တစ်ဖက်နိုင်ငံရဲ့Phytosanitary  Certificate-PC မလိုတော့ဘဲ  စိုက်ပျိုးရေးဦးစီးဌာနရဲ့Import  Certificate-IC နဲ့ လိုင်စင်လျှောက်ထားနိုင်ပြီလို့ သတင်းရရှိ ပါတယ်။

          ပြည်ပမှ အပင်နှင့်အပင်ထွက်ပစ္စည်းများ တင်သွင်းရာတွင် သက်ဆိုင်ရာ မူရင်းနိုင်ငံမှ ထုတ်ပေးသည့် အပင်ပိုးမွှား ရောဂါကင်းရှင်းကြောင်း ထောက်ခံချက်လက်မှတ် (Phytosanitary Certificate-PC) နဲ့ စိုက်ပျိုးရေး ဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲမှ ထုတ်ပေးသည့်တင်သွင်းခွင့်ထောက်ခံချက်(Import  Certificate-IC)ပါရှိမှသာ သွင်းကုန်လိုင်စင်ထုတ်ပေးခြင်းကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ခွင့်ပြုပေးလျက်ရှိပါတယ်။

           စိုက်ပျိုးရေးဦးစီးဌာနက တင်ပို့မည့်မူရင်းနိုင်ငံမှ ပိုးမွှားကင်းရှင်းကြောင်း သက်သေခံလက်မှတ်  Phytosanitary Certificate-PC အားပူးတွဲတင်ပြရန် ၂၀၁၄ ခုနှစ် မေလတွင်Delivery Unitများသို့ ပေးပို့တင်ပြခဲ့ပြီး မြန်မာ့အလင်းသတင်းစာတွင်လည်း ၂၀၁၄ ခုနှစ် ဩဂုတ်လ ၂၂ ၊ ၂၅၊ ၂၈ ရက်နေ့တို့တွင် ကြေညာချက် ထည့်သွင်းခဲ့ပြီးဖြစ်ပါတယ်။

          ပြည်ပရှိ မျိုးစေ့တင်ပို့မည့်ကုမ္ပဏီများသည် မျိုးစေ့နဲ့ အတူ တင်ပို့မဲ့နိုင်ငံ စိုက်ပျိုးရေးဌာနမှ ထုတ်ပေးတဲ့ PC ကို မြန်မာနိုင်ငံစိုက်ပျိုးရေးဦးစီးဌာနသို့ ဆက်လက်ပေးပို့ကြောင်းနဲ့ ှQuarantine  Entry Point သို့ မျိုးစေ့ရောက်ရှိချိန်မှ PC  ကို လာရောက်တင်ပြခွင့်ပြုရန် မျိုးစေ့တင်သွင်းတဲ့  ကုမ္ပဏီများက ရှင်းလင်းတင်ပြလာ သဖြင့် စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးရန်အတွက် ရည်ရွယ်၍ မျိုးစေ့တင်သွင်းခွင့် လျှောက်ထားသူများအား မျိုးစေ့များရောက်ရှိလာမှသာ မျိုးစေ့ဌာနရဲ့ ထောက်ခံချက်နဲ့ အတူ မျိုးစေ့နမူနာနဲ့ တစ်ပါတည်း PC  ကို တင်ပြရန်  ကတိခံဝန်ချက် (Under taken) နဲIC ကို ထုတ်ပေးလျက်ရှိကြောင်းနဲ့  အကယ်၍မျိုးစေ့များ ရောက်ရှိလာတဲ့အခါ မျိုးစေ့နမူနာနဲ့ အတူ PC ပေးအပ်ရန် ပျက်ကွက်ခဲ့ပါက နောက်တစ်ကြိမ် ှုဃ ထုတ်ပေးမည့်မဟုတ်ကြောင်း သိရှိရပါတယ်။ မတ်လနောက်ဆုံးပတ်မှ စ၍ IC စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့   မျိုးစေ့သွင်းကုန် လိုင်စင် လာရောက်လျှောက်ထားရာမှာ တစ်ဖက်နိုင်ငံရဲ့ PC ပူးတွဲ တင်ပြရန် မလိုတော့ဘဲ  စိုက်ပျိုးရေးဦးစီးဌာနရဲ့ IC ပါရှိပါက သွင်းကုန်လိုင်စင်ခွင့်ပြုထုတ်ပေးသွားမယ်လို့ သတင်းရရှိပါတယ်။

                  

                                                                                                          ပန်