Toyota Mark II နဲ့ Toyota Crown Majesta တို့ပေါ်က ကျောက်စိမ်းဟု ယူဆရသော ကျောက်ပစ္စည်းမျိုးစုံသိမ်းဆည်းရမိ

 

          မတ်လ ၁၈ ရက် နဲ့ ၂၁ ရက် နေ့များမှာ မန္တလေး-မူဆယ် ကုန်သွယ်မှုလမ်းကြောင်းပေါ်ရှိ လရ-၁ အဖွဲ့ရဲ့ စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှုတားဆီးရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် Toyota Mark II  ယာဉ်ခေါင်းပိုင်း အင်ဂျင်ခန်းနဲ့ နောက်ခန်းများမှာ ကျောက်စိမ်းလို့ ယူဆရတဲ့ ပုတီးစေ့အရွယ်စုံ အထုပ် ၉၀ နဲ့ Toyota Crown Majesta အင်ဂျင်ခန်းနဲ့ နောက်ခန်းမှာ ကျောက်စိမ်းလို့ယူဆရတဲ့ကျောက်တုံး ၄၀ တုံးပါ ၂ထုတ်၊ ကျောက်တုံး ၃၂ တုံးပါ ၁ ထုပ်၊ ကျောက်ပြား အပိုင်းစ ၇၂ ခုနဲ့ အဝိုင်းပြား ၄၅ ခုကို စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ရှေ့ပြေးသတင်းရရှိပါတယ်။သိမ်းဆည်းရမိကျောက်စိမ်းများကို လုပ်ထုံးလုပ်နည်းများ နဲ့အညီ အကောက်ခွန်အမှုတွဲဖွင့်လှစ်အပ်နှံထားပြီး ခန့်မှန်းတန်ဖိုးများ ဆက်လက်တွက်ချက်နေတယ် လို့သိရပါတယ်။

                                                                    DCCA DCCA