သြင်္ကန်ကာလနီးလာလို့ ပဲဈေးမြောက်
သြင်္ကန်ကာလနီးလာတာကြောင့် ပဲမျိုးစုံဈေးတွေ ယခင်သီတင်းပတ်ကထက် ပိုမိုမြင့်တက်လာခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော် နယ်စပ်စခန်းနဲ့ လွယ်ဂျယ်နယ်စပ် တွေကနေ မတ်လ တတိယပတ်မှာ ကန်ဒေါ်လာ ၁၅ ဒသမ ၉၈၆ သန်းတန်ဖိုးရှိတဲ့ ပဲတီစိမ်း(လုံးပြည့်)၊ ပဲတီစိမ်း (လုံးခြမ်း)၊ ပဲလွန်းဖြူ၊ ပဲယင်း၊ ပဲပုတ်စေ့၊ ပဲကြီး၊ ပဲနီကြား၊ မြေပဲ၊ နိုင်လွန်ပဲ၊ မြေထောက်ပဲ၊ ထောပတ်ပဲနဲ့ စွန်တာပြာပဲတွေကို တန်ချိန် ၁၇၁၉၂ တန်ခွဲ တင်ပို့ခဲ့ပါတယ်။ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှလည်း ကန်ဒေါ်လာ ၂၃၃၉၅၇ တန်ဖိုးရှိ မြေပဲဆန် ၂၁၂ တန်ခွဲနဲ့ ကန်ဒေါ်လာ ၅၀ဝ၆၄ တန်ဖိုးရှိ မြေပဲဆန် (အခွံပါ) ၇၁ တန်ခွဲ တင်ပို့ခဲ့တာတွေ့ရပါတယ်။ ပဲအဝယ်များတဲ့ အိန္ဒိယနိုင်ငံမှ သြင်္ကန်မတိုင်မီ ပဲတွေကို ရတဲ့ဈေးနဲ့ ရသလောက် အကုန်ဝယ်ယူနေကြတာကြောင့်လည်း ယခုလိုပဲဈေးတွေ မြင့်တက်လာရခြင်းဖြစ်တယ်လို့ ပဲမျိုးစုံရောင်းဝယ်ရေးကုမ္ပဏီတစ်ခုထံကသိရပါတယ်။ ယခင်သီတင်းပတ်နဲ့ ယခုသီတင်းပတ်ပဲဈေးနှုန်းများကို မိမိဘက်ပေါက်ဈေးနဲ့ တစ်ဘက်နိုင်ငံဈေးများ နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်-
မိမိဘက်ပေါက်ဈေး တစ်ဖက်နိုင်ငံဈေး
ယခုသီတင်းပတ် ယခင်သီတင်းပတ် ယခုသီတင်းပတ် ယခင်သီတင်းပတ်
(တန်/ကျပ်) (တန်/ဒေါ်လာ)
ပဲတီစိမ်း ၁၃၄၈၄၆၄ ၁၃၄၁၅၉၆ ၁၂၅၃ ၁၂၆၀
ပဲယင်း ၆၃၆၇၇၅ ၆၃၃၅၃၁ ၅၉၂ ၅၉၅
ပဲပုတ်စေ့ ၆၂၈၂၄၂ ၆၂၅၀၄၂ ၅၈၄ ၅၈၇
ပဲလွန်းဖြူ ၇၇၃၂၉၄ ၇၆၉၃၅၅ ၇၁၉ ၇၂၂
မြေထောက်ပဲ ၇၇၃၂၉၄ ၇၆၉၃၅၅ ၇၁၉ ၇၂၂
ပဲကြီး ၇၇၃၂၉၄ ၇၆၉၃၅၅ ၇၁၉ ၇၂၂
ထောပတ်ပဲ ၇၈၁၈၂၆ ၇၇၇၈၄၄ ၇၂၇ ၇၃၀
ပဲနီကြား ၆၁၂၈၈၄ ၆၀၉၇၆၂ ၅၇၀ ၅၇၃
မြေပဲ ၁၃၃၆၄၃၃ ၁၃၂၉၆၂၆ ၁၂၄၂ ၁၂၄၈
မော်မော်အောင် MIRT (DCCA)