အနီးစပ်ဆုံးကာလထက်ရော ယမန်နှစ်ကာလတူထက်ပါ ကုန်သွယ်မှုတိုးတက်နေတဲ့ မြဝတီကုန်သွယ်ရေးဇုန်

 

          မြန်မာ-ထိုင်းနယ်စပ်မှာရှိတဲ့ မြဝတီကုန်သွယ်ရေးဇုန်က ဖေဖော်ဝါရီလ လုပ်ငန်းဆောင်ရွက်မှုဟာ အနီးစပ်ဆုံးကာလထက်ရော ယမန်နှစ်ကာလတူထက်ပါ ကုန်သွယ်မှုပိုမိုခဲ့ပါတယ်။

          မြဝတီကုန်သွယ်ရေးဇုန်က ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပို့ကုန်ကန်ဒေါ်လာ၃ ဒသမ ၅၉၅ သန်း၊  သွင်းကုန် ကန်ဒေါ်လာ ၄၉ ဒသမ ၂၈၁ သန်းဆောင်ရွက်နိုင်သဖြင့် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ   ၅၂ ဒသမ ၈၇၆ သန်းရရှိခဲ့ပါတယ်။ အနီးစပ်ဆုံး ကာလထက်  ပို့ကုန် ကန်ဒေါ်လာ သုည ဒသမ ၂၆၆ သန်း၊ သွင်းကုန် ကန်ဒေါ်လာ ၁၂ ဒသမ ၁၉၀ သန်း ပိုမိုခဲ့သလို ယမန်နှစ်ကာလတူထက်လည်း ပို့ကုန် ကန်ဒေါ်လာ  သုည ဒသမ ၆၆၀ သန်း၊ သွင်းကုန် ကန်ဒေါ်လာ ၂၈ ဒသမ ၈၀ဝ သန်း ပိုမိုခဲ့ပါတယ်။

          မြဝတီကုန်သွယ်ရေးဇုန်ရဲ့ ဖေဖော်ဝါရီလ ကုန်သွယ်မှုက အနီးစပ်ဆုံးကာလထက်ရော ယမန်နှစ်ကာလတူထက်ပါ ပိုမိုရခြင်းမှာ ပို့ကုန်ပိုင်းတွင် မြေပဲဆံ၊ ကြက်သွန်နီ၊ မတ်ပဲ၊ ပဲလွန်းဖြူ၊ နနွင်းတက်၊ သီဟိုဠ်စေ့၊ ချင်းခြောက်၊  နွယ်ချို၊ ဆီးဖြူသီးခြောက်တို့ ပိုမို တင်ပို့နိုင်ခဲ့သလို ဒေသထွက် ရာသီကုန်ဖြစ်တဲ့  ပြောင်းနဲ့ ကြံလည်း ပိုမိုတင်ပို့နိုင်ခဲ့၍ဖြစ်ပါတယ်။ သွင်းကုန်ပိုင်းတွင်လည်း မော်တော်ဆိုင်ကယ်၊ ယာဉ်ယန္တရားမျိုးစုံ၊ ဘိလပ်မြေ၊ ဓါတ်ဆီ၊ အလှကုန်မျိုးစုံ၊ ဟန်းဆက်မျိုးစုံ၊ ဒီဇယ်ဆီတို့ ပိုမိုတင်သွင်းနိုင်ခဲ့လို့ ဖြစ်ပါတယ်။

 

                                                        ခင်မြနွယ် MIRT( DCCA)