ရှောင်ကွင်းလမ်းတစ်ဝိုက်စစ်ဆေးစဉ် တမလန်းလို့ယူဆရတဲ့ သစ်ခွဲသားချောင်းများသိမ်းဆည်းရမိ

 

          မူဆယ်-မန္တလေး လမ်းကြောင်း တစ်လျှောက်တွင် စားသုံးသူ အကာအကွယ်ပေးရေးနှင့် တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်စဉ် မတ်လ ၁၄ ရက် ၁၀း၃၀ ချိန်ခန့်မှာ ရှောင်ကွင်းလမ်းမှာ စုပုံထားတဲ့ တမလန်းလို့ယူဆရတဲ့ သစ်ခွဲသား ၃၅ ချောင်းနဲ့ ၁၅း၃၀ ချိန်မှာ ၁၀ ချောင်းကို သိမ်းဆည်း ရမိခဲ့တဲ့အတွက် လုပ်ထုံးလုပ်နည်းနဲ့အညီ အကောက်ခွန်အမှုတွဲများ ဖွင့်လှစ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ သိမ်းဆည်းရမိ သစ်ချောင်း စုစုပေါင်း ၄၆ ချောင်းရဲ့ခန့်မှန်းတန်ဖိုးမှာ ကျပ်၁၉ ဒသမ ၄၅၀ သိန်းတန်ချိန်အားဖြင့် သုည ဒသမ ၃၈၉ တန်ဖြစ်ပါတယ်။

         

DCCA  DCCA