ထိုင်း-အင်ဒိုနီးရှားနဲ့ မလေးရှားတို့ရော်ဘာတင်ပို့မှုအား ကန့်သတ်လုပ်ဆောင်သွားမည်

 

           ထိုင်း-အင်ဒိုနီးရှား-မလေးရှားတို့ဟာ ဈေးနှုန်းတည်ငြိမ်ရေးကို အထောက်အကူပြုစေရန် ရော်ဘာတင်ပို့မှုအား လိုအပ်ချက်အတိုင်းသာ ကန့်သတ်တင်ပို့သွားမယ်လို့ နိုင်ငံတကာရော်ဘာအသင်း အမှုဆောင်အရာရှိချုပ် Yium Tavarolit ကပြောကြားလိုက်ပါတယ်။

       ဈေးနှုန်းများဟာ ဆောင်းရာသီကုန်ဆုံးလျှင် မြင့်တက်လာတော့မှာဖြစ်ကြောင်း၊အကြောင်းမှာ Latex ထုတ်လုပ်မှုကကျဆင်းပြီး လိုအပ်ချက်ကမြင့်တက် လာမှာဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၆ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ Bandung မှာတွေ့ဆုံမေးမြန်း စဉ် ပြောကြားခဲ့တာဖြစ်ပါတယ်။

          ထိုင်း၊အင်ဒိုနီးရှားနဲ့မလေးရှား သုံးနိုင်ငံလုံးဟာ ဇန်နဝါရီလအတွင်းက ရော်ဘာတင်ပို့မှုအပေါ် ကောင်းစွာစီမံခန့်ခွဲနိုင်ခဲ့ပြီး ယခုနှစ်တငိပို့မှုများ သိပ်များပြားမှာမဟုတ်ဘူးလို့ Yium ကပြောကြားပါတယ်။ကျွန်တော်တို့အနေနဲ့ရော်ဘာဈေးနှုန်းမြင့်ရန် ရည်ရွယ် လုပ်ဆောင်ခြင်းမဟုတ်ဘဲ ရော်ဘာဈေးနှုန်း တည်ငြိမ်ရေးအတွက်သာ ရည်ရွယ်တယ်လို့ပြောပါတယ်။

          Thai Standard Rubber TSR-20 ၁ကီလိုကို ၁၄၅ ဆင့်သာရှိပြီး ထုတ်လုပ်မှုစရိတ် ပိုမိုတယ်၊ ကမ္ဘာ့ ရော်ဘာသိုလှောင်ထားမှု ပမာဏမှာ တန်ချိန် ၂ ဒသမ ၂ မှ၂ ဒသမ ၅သန်းခန့်ထိ ရှိနိုင်တယ်လို့ သိရပါတယ။် IRC ဟာ ထိုင်း၊အင်ဒိုနီးရှားနဲ့မလေးရှား ၃ နိုင်ငံရော်ဘာကောင်စီဖြစ်ပြီး အစိုးရအရာရှိများ၊ စိုက်ပျိုးသူများနဲ့ ရော်ဘာပြည်ပတင်ပို့သူများ ပါဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ကမ္ဘာ့ရော်ဘာထုတ်လုပ်မှုရဲ့  ၆၄ ရာခိုင်နှုန်းကျော်ဆောင်ရွက်လျက်ရှိတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ကမ္ဘောဒီးယား ၊လာအို၊မြန်မာနဲ့ ဗီယက်နမ်နိုင်ငံ တိုကလည်း ဈေးနှုန်းတည်ငြိမ်ရေး အတွက် ITRC နဲ့ ပူးပေါင်းလုပ်ဆောင်ရန် သဘောတူညီခဲ့ကြတယ်လို့သိရပါတယ်။ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ၂၇ ရက်ထိ အင်ဒိုနီးရှားနိုင်ငံ Bandung  မှာကျင်းပပြုလုပ်တဲ့ အစည်းအဝေးမှာ ထိုင်း ၊အင်ဒိုနီးရှား နဲ့ မလေးရှားနိုင်ငံ တို့မှ အကြီးတန်း အရာရှိကြီးများ တက်ရောက်ခဲ့ကြပြီး ဈေးနှုန်း အလားအလာ ၊ဈေးကွက်အခြေအနေ၊ ဈေးနှုန်း တည်ငြိမ်ရေး အထောက်အကူပြုလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်ရန် တို့ကို ဦးစားပေး ဆွေးနွေးခဲ့ကြပါတယ်။လာမဲ့ ၆ နှစ်မှ ၇ နှစ် အတွင်း မှာ ရော်ဘာတိုးချဲ့စိုက်ပျိုးခြင်း အရှိန်မြှင့် ဆောင်ရွက်ခြင်းကို ရှောင်ကြဉ်ကြရန်နဲ့ လိုအပ်ချက်ရှိတဲ့ပမာဏ အတွက်သာ ချိန်ဆထုတ်လုပ်ကြရန် သဘောတူညီခဲ့ကြပါတယ်။

 

                                                                                    CMK