WTO ၏ သွင်းကုန်လိုင်စင် လုပ်ထုံးလုပ်နည်း သဘောတူညီချက်အား နားလည်သဘောပေါက်မှုဆိုင်ရာသင်တန်း

၁။           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ကုန်သွယ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများ အား “WTO ၏ သွင်းကုန်လိုင်စင် လုပ်ထုံးလုပ်နည်း သဘောတူညီချက်အား နားလည်သဘောပေါက်မှု ဆိုင်ရာသင်တန်း” ကို ၂၀၂၆ ခုနှစ် ၊ ဇွန်လ ၁၁ ရက်နေ့မှ  ၁၂ ရက်နေ့ အထိ နံနက် (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီ အထိ ဧရာဝတီခန်းမ၌ ဖွင့်လှစ် ပို့ချလျက်ရှိပါသည်။

၂။            အဆိုပါသင်တန်းတွင် ကုန်သွယ်ရေးဦးစီးဌာန၊ အရာထမ်း၊ အမှုထမ်း စုစုပေါင်း(၂၀) ဦးတို့ တက်ရောက်ပြီး သင်တန်းနည်ပြအဖြစ် ကုန်သွယ်ရေးဦးစီးဌာန၊ WTO နှင့် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု နှင့် ဆက်နွယ်နေသောအဖွဲ့အစည်းများဌာနခွဲ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခိုင်မြတ်မြတ်ခိုင် က သင်ကြားပို့ချမည်ဖြစ်ပါသည်။