ဖရဲသီးယာဉ်များမှာသာမက ကုန်မျိုးစုံများနဲ့ ဖုံးအုပ်၍ တစ်သွယ်၊ ကြမ်းခင်းနှစ်ထပ်ပြုလုပ်သိုဝှက်၍တစ်နည်း သစ်မျိုးစုံသယ်ယူနေ

 

           ဖေဖော်ဝါရီလ ၁၃ ရက်မှ  ၂၆ ရက်ထိကာလအတွင်းမှာ မန္တလေး-မူဆယ်ကုန်သွယ်မှုလမ်းကြောင်း နောင်ချို Asia World Toll Gate  အနီး စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှုတားဆီးရေး တာဝန်ထမ်းဆောင်နေသော Mobile Team   လရ-၁ အဖွဲ့ဟာ ဖရဲသီးများအောက်မှာ သိုဝှက်သယ်ဆာင်ထားတဲ့  တမလန်းသစ်လုံး ၂၄ လုံး နဲ့  ၄၃ တုံးကို ၆ ဘီး Nissan Diesel ယာဉ်နဲ့ ၁၀ ဘီးယာဉ်များပေါ်မှလည်းကောင်း၊  Mitsubishi Canter ပေါ်မှာ ကုန်စုံများနဲ့ဖုံးအုပ်သယ်ဆောင်ထားတဲ့ တမလန်းလို့ ယူရဆတဲ့ ပရိဘောဂ      ၂ ထုပ်၊ ကျွန်းဟုယူဆရသော တံခါးချပ်  ၃၆ ချပ်နဲ့ Light Truck ယာဉ်ပေါ်မှာ ကြမ်းခင်းနှစ်ထပ်ပြုလုပ်သိုဝှက် သယ်ဆောင်လာတဲ့ ပိတောက်သားခွဲသား ၁၈ တုံးကို သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။

 

                                                                        DCCA DCCA