ကြက်သွန်နီတင်ပို့မှု ပိုမို

 

           မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁၂၂၀၅၂ တန်ဖိုးရှိ ကြက်သွန်နီ  ၄၆၆ တန်ခွဲနဲ့ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁၀၁၈၅ တန်ဖိုးရှိ ကြက်သွန်နီ ၅၇ တန် တို့ကို ဖေဖော်ဝါရီလနောက်ဆုံးပတ်မှာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က မြဝတီမှ  ၂၀၉ တန်ခွဲနဲ့ မူဆယ်မှ  ၃၇ တန်တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်ရဲ့ ကြက်သွန်နီတင်ပို့မှု ပိုမို လာပါတယ်။ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း မူဆယ်၊ မြဝတီနဲ့ တာချီလိတ် စခန်းများမှ ကြက်သွန်နီ ၁၃၆၉ တန်ကျော် တင်ပို့နိုင်ခဲ့ တယ်လို့ သိရပါတယ်။

 

                                                                   မော်မော်အောင် MIRT (DCCA)