နှစ်သစ်ကူးကာလအလွန် ပြောင်းတင်ပို့မှုပိုမို

 

          ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော် နယ်စပ်စခန်းတွေမှ ကန်ဒေါ်လာ ၄ ဒသမ ၄၆၁ သန်းတန်ဖိုးရှိတဲ့ ပြောင်းဖူးစေ့ ၁၅၈၈၂ တန် တင်ပို့နိုင်ခဲ့ပါတယ်။တင်ပို့ခဲ့တဲ့ ပြောင်းတန်ချိန်တွေမှာ မူဆယ်မှ ၁၂၅၀၄ တန်ခွဲ၊လွယ်ဂျယ်မှ ၁၃၇၇ တန်ခွဲနဲ့ ချင်းရွှေဟော်မှ တန်၂၀ဝ၀ ဖြစ်ပါတယ်။ ယခင်သီတင်းပတ်ကမူဆယ်စခန်းတစ်ခုတည်းမှသာ ၁၁၁၆၁တန်ကျော် တင်ပို့ခဲ့လို့ ယခုတစ်ပတ်ပြောင်းတင်ပို့မှုမှာ တရုတ်နှစ်ကူးကာလပြီးတာနဲ့ တန်ချိန်  ၄၇၂၀ ကျော် ပိုမို လာတာတွ့ရပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ ပြောင်း တစ်တန်ရဲ့မိမိဘက်ဈေး မှာ နှစ်ပတ်ဆက်တိုက် မပြောင်းလဲဘဲ ၂၈၀၅၁၄ ကျပ်ဈေးရှိပါတယ်။မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်မှလည်း ယခုသီတင်းပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၂၈၄ သန်း တန်ဖိုး ရှိ ပြောင်းဖူးစေ့ ၁၀၅၀ တန်တင်ပို့ခဲ့ တာတွေ့ရပါတယ်။၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ တစ်လလုံးနယ်စပ်စခန်းများမှ တင်ပို့ခဲ့တဲ့ ပြောင်းတန်ချိန် ၈၃၃၁၁ တန်ရှိတယ်လို့ သိရပါတယ်။

 

                                                                   မော်မော်အောင်MIRT (DCCA)