လွယ်ဂျယ်နယ်စပ်က ဘိုစားပဲသီးတင်ပို့

 

          မြန်မာ-တရုတ်နယ်စပ်ရှိ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဖေဖော်ဝါရီလ ၁၄ ရက်မှ ၂၀ ရက်တာ သီတင်းပတ်မှာ ကန်ဒေါ်လာ သုည ဒသမ  ဝ၁၀ သန်းတန်ဖိုးရှိ ဘိုစားပဲသီး တန် ၅၀ ကို အမယ်သစ်အဖြစ် စတင်တင်ပို့ခဲ့ပါတယ်။ ဗန်းမော်ခရိုင် ဝင်းပနေခြည် စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမလီမိတက်နဲ့ ယူနန်ပြည်နယ်ပေါက်စမ်းခရိုင်၊ လုံမောက်စိုက်ပျိုးရေး ကုမ္ပဏီလီမိတက်တို့မှ ကချင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ဖြင့် အကျိုးတူပူးပေါင်းပြီး အကြောအမျှင်မဲ့တိုင်ထောင်ဘိုစားပဲစိုက်ပျိုးခဲ့ကြပြီး ပိုလျှံ ဘိုစားပဲသီးတောင့် (အစို) များအား တစ်ကီလိုလျှင် ၂၀ဝ ကျပ်နှုန်းဖြင့် တင်ပို့ခဲ့ပါတယ်။ ဗန်းမော်မြို့နယ်အတွင်း၌ ဧက  ၁၃၀ ခန့်၊ မိုးမောက်မြို့နယ်အတွင်း ဧက ၄၀ ခန့်ကို ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် အကြော အမျှင်မဲ့ တိုင်ထောင် ဘိုစားပဲ စိုက်ပျိုးထားရှိခဲ့တာလို့ သိရပါတယ်။

                                                                 မော်မော်အောင်  MIRT (DCCA)