သုံးစွဲရန် မသင့်သောအလှကုန်ပစ္စည်းစာရင်းအား ကျန်းမာရေးဝန်ကြီးဌာနက အများပြည်သူ သိရှိရန်ကြေညာ
ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်၍ ဘေးအန္တရာယ်ကင်းရှင်းသော အလှကုန်ပစ္စည်းများကိုသာ အများပြည်သူများ သုံးစွဲနိုင်ရန် စနစ်တကျကွပ်ကဲလျက်ရှိပါတယ်။
ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနဟာ ပြည်တွင်း ဈေးကွက် တွင်ရောင်းချလျက်ရှိတဲ့အလှကုန်ပစ္စည်းများကို တိုင်းဒေသကြီး။ပြည်နယ်များရှိဈေးများမှ ဝယ်ယူ စစ်ဆေး ခဲ့ရာမှာ အလှကုန်(၆)မျိုးဟာ အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဌာနမှာ မှတ်ပုံတင်ထားခြင်းမရှိတဲ့ အပြင်ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေတဲ့ တားမြစ်ဓါတုပစ္စည်းများပါဝင်နေတာကို စစ်ဆေးတွေ့ရှိ ခဲ့ရကြောင်းနဲ့သုံးစွဲရန်မသင့်ကြောင်း အများပြည်သူသိရှိရန်အသိပေးကြေညာထားပါတယ်-
အလှကုန်ပစ္စည်းအမည် ထုတ်လုပ်သည့် တွေ့ရှိချက် နိုင်ငံ
(1) 3 Days-Brighten Thailad Hydroquinone(+)
&Rewhiten Cream(3 gm)
(2) PW Banishing Cream Japan Hydroquinone(+)
(3 gm)
(3) Lay Now-Whitening Thailand Hydroquinone(+)
Night Cream (6gm)
(4) Polla Anti-Melasma Thailand Hydroquinone(+)
Cream (5gm)
(5) Baschi Day Cream China Retinoic Acid(+)
(15 ml,5 ml)
ဖော်ပြပါ အလှကုန်ပစ္စည်းများကို အများပြည်သူ လူထုအနေနဲ့ သုံးစွဲခြင်းမပြုကြရန်နဲ့ တင်သွင်း ဖြန့်ဖြူးရောင်း ချမှုကို တွေ့ရှိပါကလည်း ပြည်သူ့ ကျန်းမာရေးဆိုင်ရာ ဥပဒေအရ အရေးယူ သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတိပေးကြေညာ ထားပါတယ်။
ပန်