မာလကာသီးရဲ့ အံ့ဩဖွယ် ကျန်းမာရေးအထောက်အကူပြုမှုများ

 

          Myrtle မျိုးရင်းဝင်မာလကာသီး (Guava) ဟာ အပူပိုင်းဒေသသီးနှံတစ်ခုဖြစ်ပါတယ်။ သူရဲ့ မူရင်း ဒေသဟာ အမေရိကန်နိုင်ငံ အလယ်ပိုင်းနဲ့ အနောက်တောင်အမေရိကတိုက်ရဲ့ မြောက်ပိုင်းဒေသဖြစ်သော် လည်း ယခုအခါ စူပါမာကက်များမှာ အများအပြားရရှိနိုင်ပြီဖြစ်ပါတယ်။

          မာလကာပင်ကို မာလကာသီးစားသုံးရန်အတွက်သာ စိုက်ပျိုးကြတာဖြစ်ပါတယ်။ အခွံအရောင် အစိမ်းရှိပြီး အသားမှာ အဖြူနဲ့ပန်းရောင်နှစ်မျိုးရှိပါတယ်။ မာလကာသီးဟာ အာဟာရပေါြွကယ်ဝတဲ့ သီးနှံလို့ ပြောရမှာဖြစ်ပါတယ်။ ဗိုက်တာမင်များစွာနဲ့ သတ္တုဓါတ်များပေါြွကယ်ဝတဲ့ သစ်သီးဝလံတစ်မျိုးဖြစ်ပါတယ်။

          မာလကာသီးမှာ ဗိုက်တာမင်စီ အရင်းအမြစ်အများဆုံးပါရှိပါတယ်။ တစ်နေ့ကို မာလကာသီး တစ်လုံးစားသုံးပေးခြင်းအားဖြင့် ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်တဲ့ ဗိုက်တာမင်စီ ၃ ဆခန့်ထိ ဖြည့်ဆည်းပေး နိုင်ပါတယ်။ သစ်သီးမှာတင်အာဟာရဓါတ်များပါရှိနေရုံမကဘဲ အရွက် နဲ့ အခေါက်များမှာလည်းကျန်းမာရေး အတွက် အကျိုးရှိစေတဲ့ အာနိသင်များပါရှိနေပါတယ်။ မာလကာသီးရဲ့ အံ့ဩဖွယ် ကျန်းမာရေး အထောက် အကူပြုစေတဲ့အကြောင်းများကို ဆက်လက်ရေးသားဖော်ပြသွားပါမယ်-

ခံနိုင်ရည်အားမြင့်မား

          မာလကာသီးမှာ ဗိုက်တာမင်စီ ပါဝင်မှုဟာ လိမ္မော်သီးမှာပါဝင်တာထက်ပိုပါတယ်။မာလကာသီး တစ်လုံးမှာ ဗိုက်တာမင် စီ ၂၂၈ မီလီဂရမ်ပါရှိပြီး ထိုပမာဏဟာ ခန္ဓာကိုယ်မှာ နေ့စဉ်လိုအပ်တဲ့ ဗိုက်တာမင် ပမာဏရဲ့ ၃၃၈ ရာခိုင်နှုန်းဝန်းကျင်ကို ဖြည့်ဆည်းပေးနိုင်ပါတယ်။  ခန္ဓာကိုယ်မှာ (Oxidative Stress) ဖြစ်ပွားမှုကို ကာကွယ်ပေးတဲ့အပြင်  ခံနိုင်စွမ်းကို ပိုမိုစေနိုင်ပါတယ်။ ဗိုက်တာမင် စီ အား အာဂန္ဓုရောဂါ၊ အထွေထွေရောဂါများဖြစ်တဲ့ အအေးမိခြင်း၊ ဖျားနာခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။  ဒါ့အပြင် နာတာရှည်ရောဂါဖြစ်တဲ့ ဆီးချိုရောဂါနဲ့ အဝလွန်ခြင်းတို့ကိုလည်း တားဆီးပေးနိုင်ပါတယ်။ စာချိုးတစ်ခု ကတော့ နေ့စဉ်မာလကာသီးတစ်လုံးမှန်မှန်စားပေးလျှင် ဆရာဝန်ကို အနီးမှာ ထားစရာမလိုဘူးဆိုတာ ပေါ်လာပါတယ်။ ယခင်ကြားဖူးတာကတော့ ဓ နေ့စဉ်ပန်းသီးတစ်လုံးမှန်မှန်စားပေးလျှင် ဆရာဝန်မလိုဘူးဓ ဆိုတာပါဘဲ

ကင်ဆာဖြစ်ပွားနိုင်မှုအား တားမြစ်နိုင်

          မာလကာသီးမှာ ကင်ဆာမဖြစ်ပွားစေနိုင်သော ဒြပ်ပေါင်းများဖြစ်တဲ့ Lycopene, Phytonutrients, Flavonoid  များစွာပါဝင်ပါတယ်။ ဒီဒြပ်ပေါင်းများဟာ ကင်ဆာဖြစ်ပွားမှုကို ဖယ်ရှားနိုင်တဲ့အပြင် ခန္ဓာကိုယ်မှာ ရှိတဲ့ အဖုအကြိတ်များ (Tumors) ကို ကျုံ့စေနိုင် စွမ်းလည်းရှိပါတယ်။  မာလကာသီးစားသုံးခြင်းဖြင့် ကင်ဆာရောဂါဖြစ်ပွားမှုကိုကာကွယ်နိုင်စွမ်းရှိပြီး သုတေသနပြုလေ့လာချက်များအရ ဆီးကြိတ်ကင်ဆာ ဖြစ်ပွားမှုကိုကာကွယ်ရာမှာ အထောက်အကူပြုတယ်လို့ သိရပါတယ်။

နှလုံးဆိုင်ရာရောဂါများကိုကာကွယ်နိုင်

          ဗိုက်တာမင် စီ အပြင် မာလကာသီးမှာ ပိုတက်စီယမ်ဓါတ်လည်း ပေါြွကယ်ဝတယ်လို့ သိရပါတယ်။ ပိုတက်စီယမ်ဟာ နှလုံးဆိုင်ရာရောဂါများကို ကာကွယ်ရန်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တစ်ခု ဖြစ်ပါတယ်။  ပိုတက်စီယမ်ဟာခန္ဓာကိုယ် အတွင်းရှိ  နှလုံးခုန်နှုန်းနဲ့ ြွကက်သားများရဲ့လုပ်ငန်းဆောင်တာ များကို ထိန်းကျောင်းပေး တဲ့ ဓါတ်ဖြစ်ပါတယ်။ နှလုံးသွေး လည်ပတ်မှု မှန်ကန်စေရန်အတွက်နဲ့ ြွကက်သားများ ကျုံ့ခြင်း၊ ဆန့်ခြင်းတို့အတွက် များစွာအထောက်အကူပြုပါတယ်။ မာလကာသီးထဲမှာ ပါဝင် တဲ့ ဒြပ်ပေါင်း များဟာ ခန္ဓာကိုယ်တစ်သျှူးများနဲ့ အရိုးနုများ သန်မာစေရန်အတွက်လည်း များစွာအထောက်အကူ ပြုပါတယ်။ပိုတက်စီယမ်နဲ့ ဗိုက်တာမင်စီတို့ အတူတကွရှိနေတဲ့အတွက် သွေးကြောများကို ကျန်းမာကြံ့ခိုင်စေ တဲ့အပြင် သွေးစီးဆင်းလည်ပတ်မှုကို မှန် ကန်စေပါတယ်။ နှလုံးသွေးကြောဆိုင်ရာ ရောဂါများကို ကာကွယ် ပေးနိုင်ပါတယ်။

ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗိုက်တာမင်နဲ့ သတ္တုဓါတ်များအပြည့်အဝပါရှိ

          သေးငယ်တဲ့သစ်သီးလေးထဲမှာ အာဟာရဓါတ်များစွာပါရှိနေခြင်းဟာ အတော်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ မာလကာသီးမှာ ဗိုက်တာမင် B 6၊ Eနဲ့ K တို့မြင့်မားစွာပါရှိတယ်လို့ သိရပါတယ်။ သတ္တုဓါတ်များဖြစ်တဲ့ Folate , Niacin, Copper, Manganese နဲ့ Pantothenic အက်စစ်များလည်း ပြည့်ဝ လျက်ရှိပါတယ်။ ဒီသတ္တုဓါတ်တွေဟာ ခန္ဓာကိုယ်အတွင်း သွေးဖွဲ့စည်းမှု၊ ခန္ဓာကိုယ်အတွက် သံဓါတ်ကို စုတ်ယူနိုင်စွမ်းတွေပေးပါတယ်။ သံဓါတ်ဟာ ခန္ဓာကိုယ်အတွင်းမှာ ရှိတဲ့ သွေးနီဥ အသစ်များပွားများရန် အထောက် အ ကူပြု ပါတယ်။ သွေးနီဥများဟာ ခန္ဓာကိုယ် အစိတ်အပိုင်း များက လိုအပ် တဲ့အောက်ဆီဂျင်များ ကို သယ်ဆောင်ဖြန့်ဖြူးပေးလျက်ရှိပါတယ်။ သွေးနီဥများလေ ခန္ဓာကိုယ် အတွက်ကောင်းလေဖြစ်ပါတယ်။  သံဓါတ်ဟာ သွေးအားနည်းခြင်း (Anemia)ကို ကာ ကွယ်ပေး ပြီး သွေးနဲ့ ဆက်နွယ်တဲ့ အခြားရောဂါများ ဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ခန္ဓာကိုယ်အလေးချိန်လျှော့ချပေး

          ခန္ဓာကိုယ်အတွက် လိုအပ်တဲ့သကြားပမာဏဘဲရှိစေဖို့ သင်စားတဲ့အစားအစာတွေကို သတိထား စားသုံးသင့်ပါတယ်။ မာလကာသီးကို သားရေစာအဖြစ်စားသုံးသင့်ပါတယ်။ မာလကာသီးမှာ အမျှင်ဓါတ် (fiber) များစွာပါဝင်ပြီး ကယ်လိုရီပါဝင်မှုနည်းတယ်လို့ သိရပါတယ်။ မာလကာသီးဟာ ဘယ်လောက်ပဲ ချိုနေပါစေ ခန္ဓာကိုယ် အလေးချိန်ကိုလျှော့ချပေးတဲ့အပြင် သွေးထဲမှာ ကိုလက်စထရောများ စိမ့်ဝင်မှုကို လည်း တားဆီးပေးနိုင်တယ်။ ဒါကြောင့် သင့်ရဲ့အချိုစားလိုတဲ့ပြင်းပြတဲ့အာသာကို ဖြည့်ဆည်းပေးနိုင်တဲ့ အပြင် ကျန်းမာရေးနှင့် ညီညွတ်စေတဲ့ သီးနှံတစ်ခုဖြစ်နေပါတယ်။  မာလကာသီး အစေ့ဟာ ဝမ်းသွားစေ နိုင်တဲ့ စွမ်းရည်ရှိတဲ့အတွက် ဝမ်းနုတ်ဆေးအဖြစ်လည်း စားသုံးနိုင်သေးတဲ့အတွက်  ကျန်းမာရေးဘက်စုံ အထောက်အကူပြုတဲ့ မာလကာသီးရဲ့ အံ့ဩဖွယ် အာနိသင်များကို ဖော်ပြပေးလိုက်ရ ပါတယ်။

                                                                        ရှင်ပါဂူ