ရှမ်းပြည်နယ် (တောင်ပိုင်း) ပန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချမှု ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်ရုံဆွေးနွေးပွဲစားသုံးသူအကာအကွယ်ပေးရေးသိကောင်းစရာများဟောပြော

 

          ရှမ်းပြည်နယ် (တောင်ပိုင်း) ပန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချမှုဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်ရုံ ဆွေးနွေးပွဲကို  ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ဟဲဟိုးမြို့၌ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ  ဦးစီး၍ ကျင်းပပြုလုပ်ခဲ့သည်။  ရှေးဦးစွာ ကုန်သွယ် မှုမြှင့် တင်ရေးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးအောင်ကျော်ညွှန့်မှ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်များနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသွားခဲ့သည်။ ၎င်းနောက် ဆက်လက်၍သစ်သီးဝလံဥက္ကဋ္ဌ ဦးခင်အောင်မှလည်းကောင်း၊ ရှမ်းပြည်နယ် စိုက် ပျိုးရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သင်းသင်းလဲ့မှ လည်းကောင်း သက်ဆိုင်ရာကဏ္ဍအသီးသီးအလိုက် ဆွေးနွေးတင်ပြသွားခဲ့ကြပါသည်။ ထို့နောက် ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးစိုးအောင်မှ စားသုံးသူများ လက်ရှိကြုံတွေ့နေရသည့် အစားအသောက်များနှင့် ဟင်းသီးဟင်းရွက်များ၌ စားသုံးသူတို့ အနေဖြင့် မျိုးရိုးဗီဇပြုပြင်ထားသော အသားနှင့် ဟင်းသီးဟင်းရွက်များကို ချက်ပြုတ်စားသုံးခြင်း၊ တာရှည်ခံစေရန် ပြုပြင်စီရင်ထားသောအသား၊ ငါးနှင့် အစား အသောက် များကို အလွယ်တကူစားသုံးခြင်း၊  ပိုး သတ်ဆေးနှင့် ဓါတ်မြေဩဇာလွန်ကဲစွာ အသုံးပြုထားသည့် ကောက်ပဲသီးနှံ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို နှစ်ခြိုက်စွာစားသုံးခြင်းနှင့် သဘာဝပစ္စည်းများဖြင့် အမှုန့်ပြု လုပ်ခြင်း မဟုတ်ဘဲ  ရောစပ်ပြုပြင်ထားသော အမှုန့်များကို အနံ့အရသာရှိစေရန် သုံး စွဲခြင်းကြောင့် ကင်ဆာ၊ သွေးတိုး၊ နှလုံး၊  လေငန်းအစရှိသည့် ရောဂါများဖြစ်ပွားခြင်း၊ မျိုးရိုးဗီဇထိခိုက်ခြင်း၊ အစာအဆိပ်သင့်ခြင်းနှင့် အခြားသော ဘေးဥပဒ်အန္တရာယ်များဖြစ်ပေါ်နိုင်ကြောင်းနှင့် စားသုံးသူများအကာအကွယ်ပေးနိုင်ရန် စားသုံးသူ အကာ အကွယ်ပေးရေး ဥပဒေပြဌာန်းပြီးဖြစ်ခြင်းကြောင့် စားသုံးသူအခွင့်အရေး ထိခိုက်နစ်နာမှုရှိပါက  ဥပဒေကြောင်းအရ အရေး ယူဆောင်ရွက် သွားနိုင် မည့် အကြောင်းကို အသေးစိတ် တင်ပြဆွေးနွေးဟောပြော သွားခဲ့ပါသည်။ ဆက်လက်၍ ပြည်နယ်သမဝါယမ၊ သမအသင်းချုပ်ဥက္ကဋ္ဌ ဦးကျော်မြင့်နိုင်မှ သမဝါယမနှင့် ပတ်သက်၍ အသင်းသူ အသင်းသား များ အား  ဆွေးနွေးပြောကြားသွားခဲ့ပါသည်။ ၎င်းနောက် ကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးအောင်ကျော်ညွှန့်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အခမ်း အနားကို နေ့လည် ၂ း ၃၀ ခန့်အချိန် တွင် အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။ အခမ်းအနားသို့ ပန်းစိုက်ပျိုးသူ တောင်သူများ၊ ရပ်မိရပ်ဖများ၊ ဖိတ်ကြား ထားသောသူများ ၁၂၀ ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

                                                                         မေပွင့်ဖြူ