ID မပါ ID အမယ်လွဲအဝတ်အထည်များ၊ ကားကူရှင်ဖုံးနဲ့ အိမ်သုံးလျှပ်စစ် ပစ္စည်းများ ကျပ် ၂၀၉သိန်းကျော်ဖိုး သိမ်းဆည်းရမိ

 

          ဇန်နဝါရီလ ၂၅ ရက်မှ ၃၁ ရက်ထိကာလအတွင်း မူဆယ် (၁၀၅) မိုင် နယ်စပ်ကုန်သွယ်ရေးဇုန် ထုတ်နုတ် Mobile Team အဖွဲ့က စစ်ဆေးရေးတာဝန်ထမ်းဆောင်စဉ် ID ထက်ပိုမိုတင်ဆောင်လာတဲ့ ကားကူရှင်ဖုံး(၇)ခုအပါအဝင် အဝတ်အထည်များ(မ-ဝတ်ဘောင်းဘီ၊ blouse၊  Jean Quarter ၊One Set ၊၊ ညဝတ်ဂါဝန်)အားကစားအင်္ကျီ၊ ရှောစောင်၊ချွေးသုတ်ပုဝါ၊ မျက်နှာသုတ်ပုဝါ၊Remote Control ၊ Fancy Hat Caps ၊ Multifunction Rechangable Torch အရွယ်စုံ၊ ဖိနပ်၊ ဲJuice Blanderနဲ့ွှ Whistleစသည့် ပစ္စည်းများကို ၆ ဘီးယာဉ်၊၁၂ ဘီးယာဉ်နဲ့Light Truck ယာဉ် ၈ စီးပေါ်မှ သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။သိမ်းဆည်းရမိပစ္စည်းများရဲ့ ခန့်မှန်းတန်ဖိုးမှာ ကျပ် ၂၀၉ ဒသမ ၁၃၃၀ သိန်းရှိပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနဲ့အညီ အမှုတွဲများဖွင့်သိမ်းဆည်းထားပြီးဖြစ်တယ်လို့သိရှိရပါတယ်။

       

                                                                DCCA  DCCA