ကျပ် ၁၃ သိန်းနီးပါးတန်ဖိုးရှိ နိုင်လွန်ဇာများအမယ်လွဲတင်ဆောင်

 

          မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်ထုတ်နုတ်Mobile Team   အဖွဲ့က စားသုံးသူ အကာအကွယ် ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှုတားဆီးရေးတာဝန်ထမ်းဆောင်နေစဉ် ဇန်နဝါရီလ ၂၆ ရက် ၁၆ း ၂၀ ခန့်က (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဂျူတီဆောင်ပြီး ထွက် ခွာလာတဲ့ ၆ ဘီးယာဉ်အား စစ်ဆေးရာမှာ အမယ်လွဲတင်ဆောင်လာတဲ့ နိုင်လွန်ဇာ ၈၂၈ ကီလိုဂရမ် (၁၉ ထုပ်) အားစစ်ဆေးတွေ့ရှိခဲ့ရပြီး ခန့်မှန်းတန်ဖိုးမှာကျပ် ၁၂ ဒသမ ၈၈၅ သိန်းရှိတယ်လို့ သိရပါတယ်။ လုပ်ထုံးလုပ်နည်းနဲ့အညီ အကောက်ခွန် အမှုတွဲ ဖွင့်လှစ် သိမ်း ဆည်းထားတယ်လို့ သတင်းရရှိပါတယ်။

 

                                                                         DCCA  DCCA