ID မပါရှိတဲ့ အကောက်ခွန်မဲ့ပစ္စည်းများကိုစစ်ဆေးတွေ့ရှိ
မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်စခန်းထုတ်နုတ်အင်အားဖြင့် ဖေဖော်ဝါရီလ ၂ ရက်နေ့ ၁၆ း ၄၅ ချိန်တွင် ၁၂ ဘီးဂျူတီယာဉ်ပေါ်မှ ID ထက်ပိုမိုတင်ဆောင်လာတဲ့Hair Treatment နဲ့ Multifunction Head Lamp with Rope တို့အား သိမ်းဆည်း ရမိခဲ့ပါတယ်။ အလားတူ ယင်းနေ့ ၁၆ း ၅၅ ချိန်တွင်လည်း ၁၂ ဘီးဂျူတီယာဉ်ပေါ်မှပင် IDတွင်မပါရှိတဲ့ အလှကုန်နဲ့ ဆံပင်ဆိုးဆေးများကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ သိမ်းဆည်းရမိအကောက်ခွန်မဲ့ပစ္စည်းများကို မူဆယ် Mobile Team အဖွဲ့မှ မူဆယ်မြို့နယ်အကောက်ခွန်ဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံပြီး အမှုတွဲဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။
DCCA DCCA