ယာဉ်နှစ်စီးပေါ်မှ ID ထက်ပိုမိုတင်ဆောင်လာတဲ့ ခြင်ရိုက်တံနဲ့Ear Phone များ သိမ်းဆည်းရမိ

 

          မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန် စခန်းထုတ်နုတ်အင်အား Mobile Team  မှ ဦးစီးအရာရှိ ဦးစီးတဲ့အဖွဲ့သည်  ဖေဖော်ဝါရီလ ၆ ရက်နေ့တွင်  ၁၂ ဘီးယာဉ်ပေါ်မှ ှီု ထက်ပိုမိုတင်ဆောင်လာတဲ့Samsung အမှတ်တံဆိပ်Ear Phone များကို သိမ်းဆည်းရမိခဲ့ပါတယ်။ အလားတူ ၈ ရက်နေ့တွင်လည်း ၆ ဘီးဂျူတီယာဉ်အား စစ်ဆေးရာယာဉ်ပေါ်မှIDထက်ပိုမိုတင်ဆာင်လာတဲ့ ခြင်ရိုက်တံ (180 U) နဲID ဆောင်ထားခြင်းမရှိတဲ့ သစ်သီးဖျော်စက် (24U)  အား သိမ်းဆည်းရမိခဲ့ပါတယ်။ အဆိုပါ ယာဉ်နှစ်စီးပေါ်မှ သိမ်းဆည်းရမိပစ္စည်းများရဲ့ ခန့်မှန်းတန်ဖိုးမှာ ကျပ်  ၁၀ သိန်းကျော်ခန့်ဖြစ်ပြီး အဖွဲ့စုံဖြင့် မြို့နယ်အကောက်ခွန် ဦးစီးဌာနသို့ အပ်နှံပြီး အမှုတွဲဖွင့်သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

                                                                         DCCA  DCCA