ပဲတီစိမ်း ဈေးကျပ် ၃ သောင်းခန့်မြင့်တက်လာ
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဖေဖော်ဝါရီလ တတိယပတ်အတွင်း ကန်ဒေါ်လာ ၁ ဒသမ ၅၂၂ သန်းတန်ဖိုးရှိတဲ့ ပဲတီစိမ်း (လုံးပြည့်) ၁၁၇၆ တန်၊ ပဲလွန်းဖြူ ၇၈ တန်၊ ပဲယင်း ၇ တန်ခွဲ၊ ပဲကြီး ၆ တန်ခွဲ၊ မြေပဲဆံ ၂၁၇ တန်၊ ပဲနီကြား ၉၆ တန်နဲ့ နိုင်လွန်ပဲ ၁၅ တန်တို့ကို တင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာတော့ ယခင်တစ်ပတ်နဲ့ ယခုတစ်ပတ်ရဲ့ ပဲဈေးနှုန်းများကို ကြည့်ပါက ပဲတီစိမ်းဈေး တစ်မျိုးသာ ကျပ် ၃ သောင်းခန့်မြင့်တက်လာခဲ့ပါတယ်။ ပဲခူး၊ ပခုက္ကူနဲ့ သုံးခွမြို့နယ်တွေမှာ စိုက်တဲ့ ပဲတီစိမ်း ခင်းတွေဟာ ပြီးခဲ့တဲ့လက ရာသီဥတုဖောက်ပြန်မှုကြောင့် သီးနှံဖြစ်ထွန်းခြင်းမရှိဘဲ စိုက်ခင်းတွေပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ ယခုလိုပဲစိုက်ခင်းတွေပျက်ဆီးခဲ့လို့ ပဲတီစိမ်းအထွက်နည်းတဲ့အတွက် ဈေးမြင့်တက်သွားရတာပါ။ ယခုသီတင်းပတ်နဲ့ ယခင်သီတင်းပတ်ပဲဈေးနှုန်းများကို ဖော်ပြပေးလိုက်ပါတယ်-
မိမိဘက်ပေါက်ဈေး တစ်ဖက်နိုင်ငံဈေး
ယခုတစ်ပတ် ယခင်တစ်ပတ် ယခုတစ်ပတ် ယခင်တစ်ပတ်
(တန်/ကျပ်) (တန်/ဒေါ်လာ)
ပဲတီစိမ်း ၁၂၇၇၂၈၀ ၁၂၄၄၁၁၃ ၁၂၄၁ ၁၂၀၂
ပဲယင်း ၆၆၈၅၇၄ ၆၆၈၅၇၄ ၆၅၃ ၆၅၃
ပဲလွန်းဖြူ ၆၆၈၅၇၄ ၆၆၈၅၇၄ ၆၅၃ ၆၅၃
ပဲပုတ်စေ့ ၆၁၀၅၃၁ ၆၁၀၅၃၁ ၅၉၈ ၅၉၈
ပဲကြီး ၇၅၁၄၉၃ ၇၅၁၄၉၃ ၇၂၆ ၇၂၆
ထောပတ်ပဲ ၇၅၉၄၈၄ ၇၅၉၄၈၄ ၇၃၄ ၇၃၄
မြေထောက်ပဲ ၇၅၁၄၉၃ ၇၅၁၄၉၃ ၇၂၆ ၇၂၆
ပဲနီကြား ၇၆၁၄၄၃ ၇၆၁၄၄၃ ၇၃၆ ၇၃၆
မြေပဲ ၁၂၁၅၈၃၇ ၁၂၁၅၈၃၇ ၁၁၇၅ ၁၁၇၅
မတ်ပဲ ၆၈၄၆၀ဝ ၆၈၄၆၀ဝ ၆၇၃ ၆၇၃
မော်မော်အောင် MIRT (DCCA)