မောင်တောစခန်းမှလည်း ဆန်တင်ပို့နိုင်

 

          မြန်မာ့ဆန်ကို အိမ်နီးချင်းနိုင်ငံများသို့ အများဆုံးတင်ပို့တဲ့စခန်းတွေကတော့ မူဆယ်၊ လွယ်ဂျယ်နဲ့  ချင်းရွှေဟော်စခန်းများဖြစ်ပြီး တရုတ်နိုင်ငံကို တင်ပို့ပါတယ်။ ဒုတိယတင်ပို့တဲ့ စခန်းကတော့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောစခန်းဖြစ်ပြီး တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့ပါတယ်။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ ၂၀ ရက်နေ့ထိကာလတွင်း နယ်စပ်စခန်းစုံမှ ကန်ဒေါ်လာ ၄ ဒသမ ၈၂၄ သန်းဖိုးရှိတဲ့ ဆန်တန်ချိန် ၁၃၀၈၆ တန်ကို တင်ပို့နိုင်ခဲ့ပါတယ်။  စခန်းအလိုက် တင်ပို့နိုင်မှုများကတော့ မူဆယ် (၁၀၅) မိုင်မှ ကန်ဒေါ်လာ ၄ ဒသမ ၃၉၆ သန်းဖိုးရှိ ငစိန်ဆန် ၈၂၈၆ တန်နဲ့ ဧည့်မထဆန်တန် ၃၆၀ဝ တင်ပို့ခဲ့ပါတယ်။  ယခင်တစ်ပတ်တင်ပို့မှုထက် တန် ၄၆၀ဝ ကျော်လျော့နည်းခဲ့ပါတယ်။ လွယ်ဂျယ်စခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၃၅၀ သန်းဖိုးရှိ ဧည့်မထဆန် တန် ၁၀ဝ၀ တင် ပို့ခဲ့ပြီး ယခင်တစ်ပတ်ထက် တန် ၁၃၀ဝ လျော့နည်းတင်ပို့ခဲ့ပါတယ်။ ယခုသီတင်းပတ်မှာ မောင်တောစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ဝ၇၈ သန်းဖိုးရှိ ဆန်တန် ၂၀ဝ ကိုတင်ပို့နိုင်ခဲ့ပါတယ်။ မောင်တောစခန်းမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ဧပြီလမှ ဇန်န်ဝါရီလထိ ဆန်တန်ချိန် ၄၁၉၉ တန်ကျော်ကို တင်ပို့ထားနိုင်ကြောင်း သိရှိရပါတယ်။ ဖေဖော်ဝါရီလထဲမှာတော့ ယခုသီတင်းပတ်မှာ  တန် ၂၀ဝ တင်ပို့နိုင်ခဲ့ပါတယ်။

 

                                                                ယဉ်ယဉ်အေး MIRT ( DCCA)