ကြက်သွန်နီ ပုံမှန်တင်ပို့

 

          ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ တတိယပတ်မှာ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၅၆၅၉၂ တန်ဖိုးရှိတဲ့ ကြက်သွန်နီ ၂၀၉ တန်ခွဲနဲ့ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၇၇၇၀ တန်ဖိုးရှိ ကြက်သွန်နီ ၃၇ တန်တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က မြဝတီမှ ၄၈၀ တန်ကျော်နဲ့ မူဆယ်မှ ၁၅ တန်တင်ပို့နိုင်ခဲ့တာမို့ ယခုတစ်ပတ်ရဲ့ ကြက်သွန်နီတင်ပို့မှု အနည်းငယ်လျော့ကျသွားခဲ့ပါတယ်။ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ တောင်တွင်းကြီး ၊ မကွေး၊ ဆိပ်ဖြူနဲ့ ရေနံချောင်းတို့မှ လာတဲ့ ကြက်သွန်နီတွေကတော့ ပုံမှန်ဝင်ရောက်နေတယ်လို့ သိရပါတယ်။

 

                                                                မော်မော်အောင် MIRT ( DCCA)