ပုံမှန်တင်ပို့တဲ့ နနွင်းတက်

 

          မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဖေဖော်ဝါရီလ ၁၄ ရက်မှ ၂၀ ရက် တာကာလအတွင်း ကန်ဒေါ်လာ ၉၁၆၅ တန်ဖိုးရှိ နနွင်းတက် ၁၆ တန်၊ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၂၈၁၅ တန်ဖိုးရှိ နနွင်းတက် ၅  တန်နီးပါးနဲ့  မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ ၆၄၀ဝ တန်ဖိုးရှိ နနွင်းတက် ၄ တန် တို့ကို အသီးသီး တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က မူဆယ်၊ မြဝတီ၊ စစ်တွေနဲ့ မောင်တောစခန်းတွေက  ၁၂၄ တန်ကျော် တင်ပို့နိုင်ခဲ့လို့ ယခုတစ်ပတ်ရဲ့ နနွင်းတက် တင်ပို့မှုလျော့ကျသွားတာတွေ့ရပါတယ်။  နနွင်းအသစ်တွေ အဝင်ကျဲသွားပြီး အဟောင်းတွေကတော့ လက်ကျန်တွေရှိနေသေးကြောင်း၊ ရှမ်းနနွင်းကတော့ ပုံမှန်အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စည်ဒိုင်မှ သိရပါတယ်။

 

                                                                မော်မော်အောင် MIRT ( DCCA)