အိန္ဒိယနိုင်ငံမှ မြေပဲတင်သွင်းမှုကို ဗီယက်နမ်နိုင်ငံက ဆိုင်းငံ့ထား

 

          အိန္ဒိယနိုင်ငံမှ ဗီယက်နမ်နိုင်ငံ သို့ မြေပဲတင်သွင်းခြင်းအား ဖေဖော်ဝါရီလ ၆ ရက်နေ့မှ စ၍ တရားဝင် ဆိုင်းငံ့ထားလိုက်ပြီလို့  Vietramnet  အွန်လိုင်းသတင်းမှာ ဖော်ပြထားပါတယ်။ အပင်များကို ပျက်စီးစေနိုင် တဲ့ထိ အန္တရာယ်ဖြစ်စေနိုင်သော အုပ်စု (၁) စာရင်းဝင် Caryedon Serratus Oliver တစ်မျိုးဟာ မြေပဲများမှာသာ ကျရောက်လေ့ရှိပြီး ဗီယက်နမ်နိုင်ငံမှာ ထိုပိုးမျိုးမရှိပါဘူး။ ၂၀၁၅ခုနှစ်ဇန်နဝါရီလအစောပိုင်းကအပင်သန့်ရှင်းရေးဌာန (၁) (Department of Plant   Quarantine 1 ) မှ ဒါရိုက်တာ Vu Van Huong က သူရဲ့ ဝန်ထမ်းများဟာ Hai Phong ဆိပ်ကမ်းကို ဆိုက်ရောက်လာတဲ့ မြေပဲ တန် ၇၀ဝ နီးပါးမှာ Caryedon Serratus Oliver ကို စစ်ဆေးတွေ့ရှိရကြောင်း ပြောကြားခဲ့ပါတယ်။ အပင်ပိုးမွှားကာကွယ်ရေးဌာန (Plant Protection Department ) အားစနစ်တကျစစ်ဆေးပေးရန် အရေးကြီးကိစ္စရပ်အနေနဲ့  တောင်းဆိုထားပါတယ်။ သက်ဆိုင်ရာအိန္ဒိယအေဂျင်စီများကို အကြောင်းကြား ထားပြီးဖြစ်သလို အမြန်ဆုံးဖြေရှင်းပေးရန်လည်း အသိပေးထားပြီးဖြစ်ပါတယ်။ အိန္ဒိယဆက်စပ်ကုမ္ပဏီများကို အကြောင်းကြားပြီး အဆိုပါကိစ္စနဲ့ပတ်သက်၍ အမြန်ဆုံး(ချက်ချင်း)  ဖြေရှင်းပေးရန် အကြောင်းကြားထားပြီးဖြစ်ပါတယ်။ အပင်ပိုးမွှားကာကွယ်ရေးဌာနအနေနဲ့ ကြိမ်ဖန်မှုများစွာ စစ်ဆေးပြီးနောက် အိန္ဒိယပို့ကုန်များကိုလည်း အကြောင်းကြားထားပြီးဖြစ်တယ်လို့ သတင်းရရှိပါတယ်။

 

                                                                                CMK