အိန္ဒိယနိုင်ငံမှ ဇန်နဝါရီလအတွင်း စားအုန်းဆီတင်သွင်းမှု ၂၁ ရာခိုင်နှုန်းကျော် လျော့နည်းကျဆင်း

 

   စားအုန်းဆီဈေးများ တစ်ရှိန်ထိုးတက်နေတဲ့အတွက် ၂၀၁၅ ခုနှစ် ဇန်နဝါရီလအတွင်း အိန္ဒိယနိုင်ငံမှ စားအုန်းဆီတင်သွင်းမှုပမာဏ ၆၅၈၆၇၀ တန်ရှိပြီး ရာခိုင်နှုန်းအားဖြင့်  ၂၁ ဒသမ ၂၅ ရာခိုင်နှုန်းရှိပါတယ်။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာ ဟင်းသီးဟင်းရွက်ဆီအများဆုံးတင်သွင်းတဲ့ နိုင်ငံဖြစ်ပြီး ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ ၈၃၆၄၄၇ တန်တင်သွင်းခဲ့တာဖြစ်ပါတယ်။ SEA (Solvent Extraction  Association ) ရဲ့ ထုတ်ပြန်ချက်အရ ဇန်နဝါရီလအတွင်း ဆီကြမ်း (Solvent Extraction  Association)တင်သွင်းမှုဟာလည်း ၂၅ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပြိး တန်ချိန်အားဖြင့် ၅၈၀၆၉၅ တန်ရှိပါတယ်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလမှာ ၇၇၈၈၁၅ တန်တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံများမှာ ပြည်ပသို့ စားအုန်းဆီတင်ပို့မှုအပေါ် ပို့ကုန်စည်းကြပ်ခွန်အား သုညသို့လျော့ချလိုက်တဲ့အတွက်သိုလှောင်ရုံလက်ကျန်ဆီများကိုရှင်းထုတ်လိုက်တဲ့အတွက် ကမ္ဘာ့စားအုန်းဆီ ဈေးကွက်မှာ ဈေးများသိသိသာသာ အကျဖက်သို့  ဦးတည်သွားခဲ့ပါတယ်။ ဘိုင်အို-ဒီဇယ် ထုတ်လုပ်မှု အတွက် စားအုန်းဆီကြမ်း (CPO Crude Paln Oil )အမှာများမှာလည်း အလွန်နည်းနေတယ်လို့ သိရပါ တယ်။  ဒါပေမဲ့ မလေးရှားဈေးကွက်မှာ CPO   ဈေးဟာ ဇန်နဝါရီလအတွင်း အနည်းငယ်မြင့်တက်လာတယ်။ ဒီဇင်ဘာလမှာ CPO    ၁တန်ကို ၆၅၇ ဒေါ်လာ ပေါက်ခဲ့ရာမှာ ဇန်နဝါရီလမှာ ၆၆၅ ဒေါ်လာထိ မြင့်တက်လာခဲ့ ပါတယ်။ သို့သော်လည်း သန့်စင်ပြီး ဆီ/ဆီချော (RBD -Refined Palm Oil -Palmolein) တင်သွင်းမှုက ဇန်နဝါရီလမှာ ၆၉၉၇၇ တန်ရှိပြီး အနီးစပ်ဆုံးကာလဖြစ်တဲ့ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလမှာ  ၄၅၀၃၁ တန်သာ တင်သွင်းမှုရှိခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ စားအုန်းဆီကို အင်ဒိုနီးရှားနဲ့ မလေးရှားတို့မှ အဓိကတင်သွင်းတာဖြစ်ပါတယ်။ လက်တင်အမေရိကမှ စားအုန်းဆီကြမ်း၊ ပဲပုတ်စေ့ဆီတို့ကို အနည်းငယ်တင်သွင်းပြီး နေကြာစေ့ဆီကို ယူကရိန်းနဲ့ ရုရှားတို့မှာ တင်သွင်းတာဖြစ်ပါတယ်။

 

                                                                                CMK