ဂျူတီဆောင်ထားသော်လည်း အမယ်လွဲတင်ဆောင်လာတဲ့ ကားအပိုပစ္စည်း၊ Plastic Aluminium Packing Foil တို့အား မူဆယ် Mobile Team မှ စစ်ဆေးတွေ့ရှိ

 

          မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်စခန်းထုတ်နုတ်အင်အားဖြင့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ၁၂ ဘီး ဂျူတီယာဉ်ပေါ်မှ Car Rear Signal Back Lamp ဖြင့်ဂျူတီဆောင်ထားသော်လည်း အမယ်လွဲမှား တင်ဆောင်လာတဲ့  Car Head Lamp တို့အား စစ်ဆေးတွေ့ရှိခဲ့ပါတယ်။အလားတူ ယင်းနေ့ ၁၆း၃၅ ချိန်တွင် ၆ ဘီး ဂျူတီယာဉ်ပေါ်မှ Plastic Bag (Printed) ဖြင့် ဂျူတီဆောင်ထားသော်လည်း အမယ်လွဲ တင်ဆောင် လာသော Plastic Aluminium Packing Foil များကို စစ်ဆေးတွေ့ရှိသဖြင့် မူဆယ်Mobile Team အဖွဲ့မှ မူဆယ်မြို့နယ် အကောက်ခွန်ဦးစီးဌာနသို့ အဖွဲ့-စုံဖြင့်လွှဲပြောင်းအပ်နှံပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

                                                        DCCA   DCCA