ID ထက်ပိုမိုတင်ဆောင်မှုအများအပြား စစ်ဆေးဖော်ထုတ်

 

  ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ညောင်ခါးရှည်မှာ ယာယီအခြေပြု၍ စားသုံးသူ အကာအကွယ် ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှု တားဆီးရေးဆောင်ရွက်နေသော Mobile Team လရ-၂ အဖွ့ဲဟာ    ဖေဖော်ဝါရီလ၃ ရက်မှ ၆ ရက်ထိ၄ရက်တာကာလအတွင်းမှာ မြဝတီ-ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်း ပေါ်မှ ၆ဘီး၊ ၁၂ ဘီး၊၂၂ ဘီး သွင်းကုန် Duty ယာဉ်များအား စစ်ဆေးစဉ် ယာဉ် ၁၂ စီးပေါ်မှIDထက် ပိုမိုသယ်ဆောင်လာသော စားသောက်ကုန်နဲ့ အိမ်သုံးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများကို စစ်ဆေး တွေ့ရှိခဲ့ရတယ်လို့ သတင်းရရှိပါတယ် IDထက်ပိုမို သယ်ဆောင်လာတဲ့ စားသောက်ကုန်များမှာ Pineapple Juice ၊ Soy  Milk ၊ Oyster Sauce ၊ Sponsor အချိုရည် ၊ကြာဇံခြောက်၊ငံပြာရည်၊အချိုရည်၊နို့ဆီ၊ နို့စိမ်း ဟင်းချက်ရာနဲ့ မုန့်ဖုတ်ရာမှာ အသုံးပြုတဲ့ Dairy Half Creamer  စုစုပေါင်း ကျပ် ၁၁ ဒသမ ၉၀၀ သိန်းဖိုးကို အကောက်ခွန် လုပ်ထုံးလုပ်နည်းနဲ့အညီ အမှုတွဲဖွင့်တားဆီးနိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။ အိမ်သုံးပစ္စည်းနဲ့လုပ်ငန်းသုံးပစ္စည်းများဖြစ်တဲ့ Plastic Floor Mat  ၊ Net Shade  ၊ Water Container များအပိုတင်ဆောင်မှုက ကျပ် ၂၀ဒသမ ၃၀၀သိန်းဖိုးကိုလည်း တားဆီနိုင်တယ်လို့သတင်းရရှိပါတယ်။

 

                                                                DCCA   DCCA