ကုန်သွယ်မှုတိုးတက်စေရန်အတွက် ကြုံတွေ့နေရတဲ့ အခက်အခဲများကို ဖယ်ရှားကြမည်

 

   ဖေဖော်ဝါရီလ ၁၇ ရက်နေ့က နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ပဉ္စမအကြိမ်မြောက်အိန္ဒိယ-မြန်မာ ပူးတွဲကုန်သွယ်ရေးကော်မတီအစည်းအဝေး (The 5th India -Myanmar Joint Trade Committee JTC) မှာ အိန္ဒိယနဲ့ မြန်မာတို့အကြား ကုန်သွယ်မှုနဲ့  ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးအတွက် စီးပွားရေးနယ်ပယ်တွင်  အားထားရသောအဆက်အနွယ်များ၊ ဘဏ်စနစ်များ စတာတွေ အပါအဝင်ကြုံတွေ့နေရသော အခက်အခဲ များ ဖယ်ရှားနိုင်ရေးပူးတွဲ သဘောတူညီခဲ့ကြတယ်လို့ သိရှိရပါတယ်။ ကုန်သွယ်မှုဆိုရာမှာ ပုံမှန်ကုန်သွယ်မှု ရော နယ်စပ်ကုန်သွယ်မှုနှစ်ပိုင်းစလုံးအတွက် ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။ အစည်းအဝေးကို အိန္ဒိယနိုင်ငံဘက်မှ ကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီးဌာန ဝန်ကြီး Nirmala Sitharaman နဲ့ မြန်မာနိုင်ငံဘက်မှ  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်တို့ ကြီးမှူးကျင်းပခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံရဲ့နယ်စပ်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများမှာ အခြေခံအဆောက်အဦ များဖွံ့ဖြိုးတိုးတက်ရေး၊ ဝန်ကြီးဌာနရဲ့ Trade Training Institute (TTI) အားအဆင့်မြှင့်တင်ရေးနဲ့ မြန်မာအရာထမ်းများအား WTO နဲ့ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုပြဿနာများဆိုင်ရာ International  Trade Related Issues များသင်တန်းများ ပို့ချပေးမည်ဖြစ်ကြောင်း ကမ်းလှမ်းခဲ့ပါတယ်။ ဒါ့အပြင် နယူးဒေလီမှာလည်း နှစ်နိုင်ငံအပြန် အလှန်ကုန်သွယ်မှုအတွက် တိုက်ရိုက်ကုန်စည် ပို့ဆောင်နိုင်ရေးချိတ်ဆက် ဆောင်ရွက်နိုင်ရေး ပံ့ပိုးပေးသွား မယ်လို့လည်း ဆွေးနွေးခဲ့ကြပါတယ်။  နှစ်နိုင်ငံဝန်ကြီးနှစ်ပါးလုံးက နှစ်နိုင်ငံ အပြန်အလှန် ရင်းနှီးမြှုပ်နှံမှု၊ အထူးသဖြင့် ကုန်သွယ်မှု တိုးမြှင့်ရေး အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များ အ ပြန်အလှန်ချိတ်ဆက် ဆောင်ရွက်ရေး၊ စိုက်ပျိုးရေးနဲ့ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျွမ်းကျင်သူများ ဖြစ်လာစေရေးတို့အတွက် လည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။  နှစ်ဖက်စလုံးဟာ ဆဌမအကြိမ်မြောက် ပူးတွဲကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး ကို ချန်နိုင်းမှာ မြန်မာနိုင်ငံက " A Roadshow Showcasing Invrestment  Opportunities in Myanmar especially in the Special Economic Zone" ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကျင်းပမဲ့ အချိန်မှာ တစ်ပြိုင်နက်တည်း ကျင်းပရန် သဘောတူညီခဲ့ကြပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံဝန်ကြီးများဟာ ဇိုခေါဒါရ်နဲ့ မီဇိုရမ်တို့မှာ အကောက်ခွန်ရုံး (Land Custom Station ) ပူးတွဲဖွင့်လှစ်ရန်လည်း သဘောတူညီခဲ့ကြပါတယ်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ နှစ်နိုင်ငံကုန်သွယ်မှုပမာဏဟာ ကန်ဒေါ်လာ ၄၃ ဒသမ ၁၆၇ သန်းရှိခဲ့ပါတယ်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဧပြီလမှဇန်နဝါရီလထိကုန်သွယ်မှုပမာဏကတော့ကန်ဒေါ်လာ၄၉ ဒသမ၅၈၁သန်း ရရှိနေပြီဖြစ်ပါတယ်။

                                                                                CMK