မဏိပူရပြည်နယ်တစ်ဝှမ်း ကုန်သွယ်ရေးကို အဓိကထားလမ်းပိတ်ဆန္ဒပြုမှုပြုလုပ်

 

          ချန်ဒယ်ခရိုင်မှာ ဇန်နဝါရီလ နှောင်းပိုင်းက အာသံတပ်ဖွဲ့ရဲ့ မှားယွင်းစွာပစ်ခတ်မှုကြောင့် ဒေသခံ   (၂) ဦးသေဆုံးမှုကို ပြည်နယ်အစိုးရက လက်ရှိအချိန်ထိ ကူညီဆောင်ရွက်ပေးခြင်းမရှိသောကြောင့် ကူကီးလူမှု အဖွဲ့အစည်းများက ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ စ၍ လမ်းပိတ်ဆန္ဒပြမှုများကို ပြည်နယ်တစ်ဝှမ်းမှာ ၅ ရက်ကြာပြုလုပ်မည်ဖြစ်ပြီး ကုန်သွယ်ရေးကို အဓိကထားလမ်းပိတ်ဆန္ဒပြမည်လို့ သိရတဲ့အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ ယာဉ်သွားလာမှုကို ရပ်ဆိုင်းပေးရန်နဲ့ ပြည်သူများအနေနဲ့  ဆန္ဒပြမှုကို ဝိုင်းဝန်းထောက်ခံပါဝင်ပေးရန် ကူကီးလူမှုအဖွဲ့အစည်းက တိုက်တွန်းထားတယ်လို့ မဏိပူရပြည်နယ်ထုတ် The Sangai Express သတင်းစာမှာ ဖော်ပြထားပါတယ်။

 

                                                                                နေထက်မင်း (တမူး)