မြဝတီနယ်စပ်နဲ့ကော့သောင်းနယ်စပ်မှရေထွက်ကုန်ပိုမိုတင်ပို့

 

  မြန်မာ-ထိုင်းနယ်စပ်ရှိနယ်စပ်စခန်းများဖြစ်သော မြဝတီကုန်သွယ်ရေးဇုန် ၊ ကော့သောင်းနယ်စပ်  ကုန်သွယ်ရေးစခန်းနဲ့  မြိတ်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ဖေဖော်ဝါရီလ ၇ ရက်မှ ၁၃ ရက်တာ ကာလအတွင်း  ကန်ဒေါ်လာ ၃ ဒသမ ၆၆၁ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၃၃၀၁ တန်ကျော် တင်ပို့ နိုင်ခဲ့ပါတယ်။ နယ်စပ်စခန်းများအလိုက် လုပ်ငန်းဆောင်ရွက်မှုများမှာ မြဝတီကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ               သုည ဒသမ၁၉၇ သန်းတန်ဖိုးရှိ ငါးမျိုးစုံတန် ၉၀ဝ ကျော်၊ ကဏန်း တန် ၂၀ ကျော်၊ ပုစွန် ၄ တန်တင်ပို့ခဲ့သဖြင့် ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၅၅ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။  ကော့သောင်း နယ်ပစ်ကုန်သွယ်ရေးစခန်းမှလည်း ကန်ဒေါ်လာ ၁ ဒသမ ၁၂၈ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၁၃၀၆ တန်ကျော် ကင်းမွန် ၅၃ တန်နီးပါး၊ ပုစွန် ၂ တန်ကျော်၊ ကဏန်း ၄ တန်ကျော် ၊ ပင်လယ်ငါးရှဉ့် ၁ တန်ကျော်နဲ့ ရေဘဝဲ အနည်းငယ် တင်ပို့နိုင်ခဲ့တဲ့အတွက် ယခင်သီတင်းပတ်နဲ့ နိုှုင်းယှဉ်ပါက ၄၃၈ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။  မြိတ်နယ်စပ် ကုန်သွယ်ရေးစခန်းအနေနဲ့ ကန်ဒေါ်လာ ၂ ဒသမ ၃၃၆ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၁၈၄၈ တန်ကျော်၊ ရေငန်ပုစွန် ၂၁ တန်ကျော် ၊ ကင်းမွန် ၃ တန်ကျော် ၊ ကဏန်းသေး(သေ) ၂တန်ကျော်၊ သဲကဏန်း ၁ တန်နီးပါး၊ ငါးမှုန့် တန်၁၂၀ ၊ ပုစွန်ခြောက် ၃ တန်၊ငါးခြောက် ၁၂ တန်၊ ကဏန်းနီ ၁၈ တန်၊ ကဏန်းပျော့ ၃၂ တန်ကျော်၊ ပုစွန် ၅၅တန် ကျော် တင်ပို့ခဲ့တာကြောင့် ယခင်သီတင်းပတ်နဲ့နှိုင်းယှဉ်ပါက မြိတ်စခန်းတစ်ခုသာ ရေထွက်ကုန်တင်ပို့မှု တန် ၅၈၀ ကျော် လျော့နည်းတင်ပို့တာတွေ့ရပါတယ်။

 

                                                                ခင်မြနွယ် MIRT ( DCCA)